Healthy Life Ad
Life Style

ညဘက် လူကြီးလူငယ်မရွေး အိပ်ရေးဝ၀ အိပ်မောကျစေမည့် အစားအသောက်များ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

ညဘက်မှာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ရေးမဝတဲ့ သူတွေက နေ့ဘက်ကျရင် အာရုံစိုက်လို့ မကောင်းဘူး၊ မလန်းဆန်းဘူး၊ အလုပ်မတွင်ကျယ်ဘူး . . အိပ်ချင်နေတတ်တယ်။ အဲဒီလို အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ညဘက်မှာ ကောင်းကောင်း အိပ်ရေးဝစေမယ့် အစားအသောက်တွေကို စားပေးသင့်ပါတယ်။

(၁) အချို
အိပ်ရေးဝစေဖို့ အဓိက စားသင့်တာက အချိုပါပဲ။ အိပ်ရေးမဝတဲ့သူတွေ၊ ကောင်းကောင်းအိပ်မပျော် တဲ့သူတွေက ညအိပ်ခါနီးမှာ အချိုနည်းနည်း စားပေးသင့်ပါတယ်။ သွေးတွင်းဂလူးကို့စ်အဆင့်က ခေါင်းထဲရောက်သွားရင် အိပ်ပျော်စေပါတယ်။

(၂) ကယ်လ်ဆီယမ်
ကယ်လ်ဆီယမ်ကလည်း ညဘက်မှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ ဒါကြောင့် အကောင်းဆုံးက ကယ်လ်ဆီယမ်ဓာတ်ပါဝင်မှုများတဲ့ နွားနို့ထဲကို အချိုဓာတ်ဖြစ်တဲ့ သကြားနည်းနည်းလေး ဒါမှမဟုတ် ပျားရည်လေး နည်းနည်းထည့်ပြီး သောက်ပေးရင် ညဘက် အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။ ကယ်လ်ဆီယမ်များများရစေတဲ့ ချိစ်၊ ဒိန်ချဉ်၊ နို့ စတာတွေက ဦးနှောက်ကနေ ထရစ်ပတိုဖန်ကို သွားပြီး အသုံးပြုစေပါတယ်။ ထရစ်ပတိုဖန်က မယ်လတိုနင်ထွက်စေပါတယ်။ မယ်လတိုနင်က အိပ်ပျော်အောင် အားပေးပါတယ်။

(၃) မယ်လတိုနင်
လုံးဝ အိပ်မပျော်တဲ့သူတွေကို ဖြည့်စွက်ဆေးအနေနဲ့ မယ်လတိုနင်ပေးလေ့ရှိပါတယ်။ အဓိက အစားအသောက်အနေနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းကို ညဘက်အိပ်ရာဝင်ခါနီးမှာ စားသောက်ပေးရင် ကောင်းကောင်း အိပ်မောကျစေပါတယ်။နောက်တစ်ခုအနေနဲ့ ညနေခင်းမှာ ကြက်စွပ်ပြုတ်သောက်ပေးတာ၊ ပင်လယ်စာတွေ ဖြစ်တဲ့ ဆာဒင်းငါး၊ တူနာငါးတို့ စားပေးရင် အိပ်မောကျစေပါတယ်။ အခွံမာအစေ့အဆန်တွေ စားပေးရင်လည်း ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေပါတယ်။ ညဘက်မှာ ချယ်ရီသီးစားရင် အိပ်ပျော်တယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ နည်းနည်းရှားနေပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top