Healthy Life Ad
Men

ဆံကေသာပညာရှင်များ အကြံပြုသည့် ဆံပင်ဆေးဆိုးခြင်းဆိုင်ရာ အချက် (၈) ချက်

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

နုပျိုသွက်လက်သော ရွှေအိုရောင်

အမျိုးသမီးတချို့က ဘယ်ဆံပင်အရောင်နဲ့ မဆိုလိုက်ပေမယ့် အမျိုးသမီးတချို့ကတော့ မလိုက်ပါဘူး။ ရွှေအိုရောင် ဆံပင်က သင့်ကိုနုပျိုသွားနိုင်ပေမယ့် သင့်အသားအရေက မဖြူရင်၊ သင်ရဲ့ဝတ်စား ဆင်ယင်ပုံက ခေတ်မဆန်ဘူးဆိုရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ ပြီးတော့ ရွှေအိုရောင်ဆံပင်က ငယ်နုပြီး သွက်လက်တဲ့ ဆယ်ကျော်သက်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။


ရင့်ကျက်တည်ငြိမ်သော အညိုရောင်

သင့်အသားအရေက ဖြူပြီး ပင်ကို အညိုရောင် ဆံပင်တွေရှိတယ်ဆိုရင် လက်ရှိအညိုထက် တစ်ဆင့်လောက် ပိုပြီး ဖျော့တဲ့အရောင်မျိုးကို ဆိုးသင့်ပါတယ်။ ပိုရင့်တဲ့ အရောင်ကို ဆိုးလိုက်ရင် သင့်ကို ပိုရင့်သယောင် ဖြစ်စေပါတယ်။


ဆွဲဆောင်အားပြင်းသော အနီရောင်

လူတိုင်းလိုလို အနီရောင်ဆံပင်တွေရှိရင် ဆွဲဆောင်အားပိုကောင်းသလို ဖြစ်စေပါတယ်။ ဒါပေမဲ့ မဆိုးခင် မှာတော့ သင့်အနေနဲ့ အနီရောင်ဆံပင် ထားရဲလား ဆိုတာကို အရင်ဆုံးစဉ်းစားပါ။ ဆံပင်ကို တစ်ကြိမ်ဆိုးပြီးရင် အနည်းဆုံး လေးလလောက်ကြာမှ နောက်တစ်ကြိမ်ဆိုးသင့်တာကြောင့် ဖြစ်ပါတယ်။ ဆံပင်အနီရောင်ဆိုးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်လည်း အိမ်မှာကိုယ့်ဘာသာမဆိုးပါနဲ့။


ဟိုက်လိုက်ဖော်ခြင်း

ဆံပင်ကို ဟိုက်လိုက်ဖော်တဲ့အခါ နှစ်လိုင်းလောက်ဖော်တာက အကောင်းဆုံး ဖြစ်တယ်လို့ ဆံကေသာပညာရှင်တွေက ဆိုပါတယ်။ အထူးသဖြင့် သင့်မျက်နှာတစ် ဝိုက်ကဆံပင်တွေကို ဟိုက်လိုက်ဖော်ပေးရင် အသားအရေကို တောက်ပစေပါတယ်။ ဆံပင်အရောင်ဆိုးတာက နှစ်လ၊ သုံးလ လောက်ကြာရင် ဆံပင်တွေ ထပ်ထွက်လာ တာကြောင့် အရောင် ရောသွားနိုင်ပေမယ့် ဟိုက်လိုက်ဖော်ရင်တော့ နှစ်လ-သုံးလ လောက်ကြာတဲ့အထိ အရောင်မပြယ်နိုင်ပါဘူး။


အိမ်မှာ အရောင်ဆိုးခြင်း

အလုပ်များတာကြောင့် ဆံပင်အလှပြင်ဆိုင်ကို မသွားနိုင်တဲ့သူတွေက အိမ်မှာပဲ အိမ်သားတစ်ဦး ရဲ့အကူအညီနဲ့ ဆံပင်အရောင်ဆိုးလေ့ရှိပါတယ်။ အဲဒီအခါမှာ လိုက်နာသင့်တဲ့အချက်တွေကို ဆံကေသာပညာရှင်တွေက အခုလိုပြောပြပါတယ်။ ဆံပင် ဆိုးပေးမယ့်သူက လက်အိတ်စွပ်ထားဖို့ လိုအပ်ပြီး မဆိုးခင်မှာ ဆံစပ်တစ်လျှောက် Vaseline အဆီကို ပွတ်လိမ်းပေးသင့်ပါတယ်။ ဆံပင်အရောင် ဆိုးပြီး ချိန်မှာ ဖယ်ရှားဖို့အတွက် Cleancer ခရင်မ်အနည်း ငယ်ကိုယူကာ ဆံပင်သားပေါ်ပွတ်တိုက်ပေးပြီး ဂွမ်း စနဲ့သုတ်ပေးပါ။


အရောင်တောက်ပအောင် ပြုလုပ်ခြင်း

ဆိုးထားတဲ့ ဆံပင်အရောင်ကို ပိုမိုတောက်ပမှု ရှိစေဖို့ အရောင်တင်ပေးမယ့် ရှမ်ပူ (Color-enhancing-Shampoo)နဲ့ ကွန်ဒီရှင်နာတို့ကိုသုံးပြီး ခေါင်းလျှော်ပေးပါ။ ဆိုးထားတဲ့ ဆံပင်က အရောင် တောက်ပပေါ်လွင်နေမှ ပိုမိုကြည့်ကောင်းတာကြောင့် မွဲခြောက်ခြောက် မဖြစ်အောင် ဂရုစိုက်ပါ။ ဆံပင်အရောင် ခြောက်သွေ့နေရင် ညအိပ်ခါနီးမှာ ဦးရေပြားနဲ့ ဆံပင်တွေပေါ် သံလွင်ဆီကို လိမ်းပြီး နောက်တစ်နေ့မှာ ခေါင်းလျှော်ပေးပါ။

* ညွှန်ကြားချက်အတိုင်း လိုက်နာခြင်း
ဆံပင်ဆိုးဆေးကို အသုံးပြုပြီး ဆံပင်ကိုပဲ အရောင်ဆိုးပါ။ မျက်ခုံးမွှေး၊ မျက်တောင်မွှေး စတာတွေကို အရောင်ဆိုးတာမျိုး လုံးဝမလုပ်သင့်ပါ။ အိမ်မှာ ဆံပင်အရောင်ဆိုးတဲ့အခါ ဆံပင်ဆိုးဆေးဘူးမှာ ညွှန်ကြားထားတဲ့ အညွှန်းအတိုင်း လိုက်နာသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top