Healthy Life Ad
Health Tips

ပဲသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပဲသီးကိုချက်စားတာ၊ ရေနွေးဖျောပြီး သုပ်စားတာ၊ ကြော်စားတာ စသဖြင့် နည်းမျိုးစုံ လုပ်ပြီး စားတာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း
ပဲသီးမှာ အဓိကပါဝင်တဲ့ အာဟာရတစ်မျိုးက ဗီတာမင်စီဖြစ်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်မှုမဖြစ်အောင် ကာကွယ်ပေးကာ နာမကျန်းမှုဝေဒနာဖြစ်နှုန်းကို လျှော့ချပေးပါတယ်။

လက်သည်း၊ ဆံပင်နှင့် အသားအရေ ကောင်းမွန်ခြင်း
ပဲသီးမှာပါတဲ့ ဗီတာမင်စီက လက်သည်း၊ ဆံပင်နဲ့အသားအရေထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးပါ။ အရေပြားမှာ ကော်လာဂျင်ဓာတ်အထွက်တိုးပြီး အရေးကြောင်းမထင်အောင် ကာကွယ်ပေးပါတယ်။

စွမ်းအင်တိုးခြင်
ပဲသီးမှာပါတဲ့ ဗီတာမင်ဘီအုပ်စုမှာ နိုင်ယာစင်၊ ရိုင်ဘိုဖလေဗင်နဲ့ ပန်တိုသီးနစ်အက်စစ်တွေပါတဲ့အတွက် စားသမျှ အစာတွေကို လောင်စာအဖြစ် ကူးပြောင်းပေးပြီး စွမ်းအင်တိုးစေပါတယ်။ ဗီတာမင်ဘီက ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေကို ပိုမိုကျန်းမာစေပါတယ်။

မျက်စိ ကျန်းမာစေခြင်း
ပဲသီးမှာ ဗီတာမင်အေ ပါဝင်မှုများပါတယ်။ ဗီတာမင်အေက မျက်စိရောဂါအမျိုးမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

သွေးနီဥအရေအတွက် ကောင်းစေခြင်း
သွေးနီဥဆိုတာ အောက်ဆီဂျင်တွေကို သယ်ပို့ပေးတဲ့ သွေးထဲက ဓာတ်တစ်မျိုးပါ။ သွေးနီဥ မလုံလောက်တာကြောင့် သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။ ပဲသီးမှာ သံဓာတ်ပါဝင်မှုများတဲ့အတွက် ပုံမှန်စားပေးရင် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အရိုးခိုင်ခံ့ခြင်း
ပဲသီးမှာပါတဲ့ ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေက အရိုးပါးရောဂါဖြစ်နှုန်း လျော့ကျစေပြီး အရိုးတွေကို သန်စွမ်းခိုင်ခံ့စေပါတယ်။

သွားခိုင်မာခြင်း
ဖော့စ်ဖရပ်စ်ပါဝင်တဲ့ ပဲသီးစားတာကြောင့် အရိုးတွေကို ပိုသန်စွမ်းစေပါတယ်။ သွားပိုးစားတာ နဲ့သွားခိုင်ခံ့မှုလျော့နည်တာတို့ သက်သာစေဖို့ ပဲသီးက အသုံးဝင်ပါတယ်။

ကြွက်သားထုထည် အားကောင်းစေခြင်း
သင်က သက်သတ်လွတ်စားရင် ဒါမှမဟုတ် တိရစ္ဆာန်ထွက်အသားစားသုံးမှု လျှော့ချနေရင် ပဲ သီးများများစားပါ။ သင့်ခန္ဓာကိုယ်ကို ပရိုတင်းဓာတ် ရရှိမှု မြင့်မားစေတဲ့အတွက် ကြွက်သားထုထည် သန်စွမ်းအားကောင်းစေပါတယ်။

သွေးတိုးကို ထိန်းပေးခြင်း
ပဲသီးမှာပါတဲ့ ပိုတက်စီယမ်သတ္တုဓာတ်က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးပါတယ်။ ရလဒ်အနေနဲ့ လေဖြတ်နိုင်ခြေ၊ နှလုံးရောဂါ အမောဖောက်ခြင်း ဖြစ်နိုင်ခြေနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေတို့ကို သိသိသာသာ လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top