Healthy Life Ad
Health Tips

အေးမြတဲ့ ရာသီမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လိုစောင့်ရှောက်ကြမလဲ…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) ကားထဲ မထားခဲ့ပါနဲ့
ဆောင်းတွင်းမှာ အေးမြလေလေ၊ ကားက ရေခဲသေတ္တာလို ပြုမူလေလေ ဖြစ်တာကြောင့် ကားထဲမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ထားခဲ့ရင် အေးခဲသွားနိုင်ပါတယ်။

(၂) အစာကို အချိန်မှန်ကျွေးပါ
အိမ်မွေးတိရစ္ဆာန်လေးတွေကို အစာမှန်မှန်ကျွေးရင် ဆောင်းတွင်းမှာ ပိုကျန်းမာစေပါတယ်။

(၃) ကြောင်တွေကို အပြင်မှာ မအိပ်ခိုင်းပါနဲ့
ကြောင်တွေကို ညဘက် အပြင်မှာအိပ်ခိုင်းတဲ့အခါ ကူးစက်ရောဂါတွေရလွယ်သလို ထိခိုက်ဒဏ်ရာရနိုင်ပါတယ်၊ အေးခဲပြီး နာမကျန်းမှုဖြစ်တတ်ပါတယ်။

(၄) ခွေးကို သန့်စင်ပေးပါ
ခွေးရဲ့ ခြေသည်း၊ ခြေချောင်းနဲ့ ဝမ်းဗိုက်စတာတွေမှာ ကပ်ငြိနေတတ်တဲ့ အညစ်အကြေးနဲ့ ဓာတုပစ္စည်းတွေကိုဖယ်ရှားပေးပါ။ အဲဒါတွေကို မျိုချလိုက်ရင် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

(၅) အမွှေးမညှပ်သင့်ပါ
အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကိုယ်ပေါ်က အမွှေးအမှင်တွေဟာ ဆောင်းတွင်းမှာ နွေးထွေးမှုကို ပေးပါတယ်။ ဒါကြောင့် ဒီရာသီမှာ အမွှေးအမှင်တွေကို မညှပ်ပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top