Healthy Life Ad
News

မွေးရာပါရောဂါကြောင့် မလှုပ်ရှားနိုင်တော့သဖြင့် ခွေးလေးကို အားကိုးနေရသူ

အမေရိကန်နိုင်ငံ မြို ့ငယ်လေးတစ်မြို ့မှာ နေထိုင်တဲ့ မက်သရူးဟာ အသက် ၁၁ နှစ်အရွယ်ခန့်ကတည်းက မွေးရာပါ အာရုံကြောချို ့ယွင်းတဲ့ ရောဂါပါရှိလာမှန်း သိရှိခဲ့ရပါတယ်။ ဒီဝေဒနာဟာ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပြီး ကျောရိုးမကြီးပေါ်ရှိ အာရုံကြောတွေရဲ ့ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်းလျော့နည်းလာကာ ခန္ဓာကိုယ်နဲ့ ဦးနှောက်အချက်အလက် အပြန်အလှန်ပေးပို့မှုတွေ လျော့နည်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီရောဂါမျိုးရိုးလိုက်သူတွေဟာ အသက် ၅ နှစ်ကနေ ၁၅ နှစ်အကြားမှာ ရောဂါလက္ခဏာတွေ စတင်ပြတတ်ပါတယ်။ လမ်းလျှောက်ရခက်ခဲတာ၊ ခန္ဓာကိုယ်ဟန်ချက်ညီအောင် မထိန်းနိုင်တာ၊ စကားပြောချိန် လျှာလေးနေတာ၊ ကြွက်သားတွေ အလွန်အားနည်းနေတာ စတဲ့ လက္ခဏာတွေပြလေ့ရှိတယ်လို့ သိရပါတယ်။ ယခုအချိန်အထိ ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းမရှိသေးဘဲ နောက်ဆက်တွဲဝေဒ နာတွေကိုသာ သက်သာအောင် ဆောင်ရွက်ပေးနိုင်တယ်လို့ သိရပါတယ်။

မက်သရူးဟာ မူလတန်းအရွယ်ကတည်းက ဒီလိုရောဂါလက္ခဏာတွေ ပြသခဲ့တယ်လို့ သိရပါတယ်။ မက်သရူးဟာ အများနည်းတူ လမ်းလျှောက်ပြီး အထက်တန်းပြီးအောင် ကျောင်းတက်ခဲ့ပါတယ်။ ကောလိပ်ကျောင်းတက်ချိန်မှာတော့ ကျယ်ဝန်းလှတဲ့ ကျောင်းဝန်းကြီးကိုနေ့စဉ်ဖြတ်ပြီး လမ်းလျှောက်သွားဖို့ မတတ်နိုင်တော့တဲ့အတွက် ဘီးတပ်ကုလားထိုင်ကို စတင်အသုံးပြုခဲ့ရပါတယ်။

“စိတ်ထဲမှာ ဘီးတပ်ကုလားထိုင်ကြီးနဲ့သာဆိုရင် သနားစရာဖြစ်နေမှာ၊ သီးသန့်ကြီးဖြစ်နေမှာ စိတ်အားငယ်နေရမှာလို့ထင်ပြီး လမ်းပဲလျှောက်ဖို့ ကြိုး စားခဲ့တယ်၊ သူများတွေနဲ့ အတူယှဉ်ပြီး လမ်းအတူတူလျှောက်ပေမယ့် ပုံစံမကျတဲ့ လမ်းလျှောက်ပုံကြောင့် အမြဲကွဲထွက်ပြီး နောက်ကျကျန်နေခဲ့တာပါပဲ၊ ထူးခြားတာက ဘီးတပ်ကုလားထိုင်ကိုသုံးတဲ့ နေရာမှာ တွေးထားသလို စိတ်အားငယ်တာတွေ မခံစားရဘဲ သွားရလာရတာ ခရီးတွင်သလို အရင်လောက်လည်း အားစိုက်မထုတ်ရတော့တဲ့အတွက် နည်းနည်းတောင် ပိုလွတ်လပ်မှုကို ခံစားမိတယ်”လို့ မက်သရူးက ပြောပြခဲ့ပါတယ်။

ခြေထောက်ရောလက်ပါ လှုပ်ရှားဖို့ ခက်ခဲလာပေမယ့်သူများဆီက အကူအညီတောင်းရမှာ အားနာတတ်ပြီး သနားစရာလို့ လူတွေထင်မှာ ကြောက်တတ်တဲ့ မက်သရူးဟာ မိမိဘာသာ ရပ်တည်နိုင်ဖို့အတွက် အကျိုးစီးပွားအတွက်မဟုတ်ဘဲ မသန်စွမ်းသူတွေ အမှီအတွယ်ကင်းမဲ့စွာ ရပ်တည်ရေးအတွက် အကူအညီပေးတဲ့အဖွဲ့သို့ လွန်ခဲ့တဲ့နှစ်နှစ်ခန့်က စာရေးပြီး အကူအညီတောင်းခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်လခန့်မှာတော့ မက်သရူးထံသို့ အသက်နှစ်နှစ်အရွယ် ဇီးဂိုလို့ခေါ်တဲ့ ခွေးလေးတစ်ကောင် ရောက်လာခဲ့ပါတယ်။ စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတဲ့ အထောက်အကူပြု ခွေးလိမ္မာလေးဇီးဂိုဟာ ခိုင်းစေချက်ပေါင်း ၄၀ ကျော်ခန့်ကို ကောင်းကောင်းနားလည်တယ်လို့ သိရပါတယ်။ ခွေးလေးဇီးဂိုဟာ မက်သရူးလိုချင်တဲ့ အရာတွေအကုန်လုံးကို ယူပေးရုံသာမက တံခါးအပိတ်အဖွင့် လုပ်ပေးတာ၊ မီးအပိတ်အဖွင့်လုပ်ပေးတာ စတာတွေကိုပါ ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

“ဘာလုပ်လုပ် လူတွေကိုလှမ်းပြီး အကူအညီတောင်းနေရတာကို မလုပ်ချင်ဘူး၊ အခုဇီးဂိုနဲ့ဆို ဒီလိုတွေ အကူအညီတောင်းစရာမလိုတော့ဘူးပေါ့၊ လိမာတယ်၊ အလိုက်လဲသိတယ်၊ ကျွန်တော့်ဘဝဆက်ပြီးရှင်သန်ဖို့ အားအင်အသစ်တွေပေးတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းလေးပါပဲ”လို့ မက်သရူးက အင်တာနက်ဝက်ဆိုက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဇီးဂိုဟာ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို အားကိုးရပြီး ထူးထူးခြားခြား ခိုင်းစေဖို့မလိုဘဲ ပါးစပ်ကနေ လိုချင်တာကို သွားယူပေးလို့ပြောလိုက်ရုံနဲ့ မက်သရူးလိုချင်တဲ့ ဖုန်း၊ သော့ စတာတွေအကုန်လုံးကို နားလည်စွာနဲ့ သွားယူပေးတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာလည်း မက်သရူးနဲ့ ဇီးဂိုတို့ဟာ လူမှုကူညီရေးအသင်းအဖွဲ ့များ ရံပုံငွေအတွက် သုံးဘီးစက်ဘီးပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ အတူတူ လေ့ကျင့်လိုက်ရှိတယ်လို့ သိရပါတယ်။

Ref;DM 6-7-2019

Most Popular

Healthy Life Ad
To Top