Healthy Life Ad
Health Tips

ချောကလက်စားတာကြောင့် အသားအရေကို လှပစေပါတယ် . . .

စိတ်ဖိစီးမှု ခံစားနေရတဲ့အချိန်မှာ ချောကလက်အနည်းငယ်စားလိုက်ရင် စိတ်ဓာတ်ခွန်အားမြင့်တက်လာတယ်ဆိုတာ သင်တို့သိပြီးဖြစ်မှာပါ။ အသားအရေအတွက် ချောကလက်ကလည်း ကောင်းကျိုးပေးနိုင်ပါတယ်။

– ချောကလက်မှာပါဝင်တဲ့ အဓိကပါဝင်ပစ္စည်း ကိုကိုး (Cocoa) မှာ အင်တီအောက်ဆီးဒင့် ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်နဲ့အသားအရေကို အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ချောကလက်မှာပါဝင်တဲ့ ဖလေဗိုးနွိုက် ဒြပ်ပေါင်းဟာလည်း သွေးဖိအားကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုအားကောင်းစေတဲ့အတွက် ခန္ဓာကိုယ်မှ အဆိပ်တွေထွက်ရှိနှုန်းတိုးမြင့်စေပါတယ်။ ဒါကြောင့် အသားအရေ လှပနုပျိုရေးအတွက် ချောကလက်မှာ အကျိုးအာနိသင်များစွာ ပါဝင်နေပါတယ်။

– ချောကလက်မှာ ကယ်လိုရီပါဝင်မှုများတာကြောင့် တစ်ကြိမ်စားရင် ပမာဏအနည်းငယ် (စတုရန်းကွက် တစ်ကွက်စာပမာဏ)ကို သာစားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top