Healthy Life Ad
Health Tips

မကြာခဏ ချိုင်း(ဂျိုင်း)ယားယံနေလျှင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ချိုင်း(ဂျိုင်း)အရေပြား မကြာခဏယားယံနေလို့ ကုတ်ခြစ်နေရပါသလား။ သက်သာစေမယ့် အလွယ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။

– ချိုင်း(ဂျိုင်း)မွှေးရိတ်ခြင်းကို ရှောင်ပါ

ချိုင်းမွှေးရိတ်တာကြောင့် ချိုင်းကို ပိုယားယံစေပါတယ်။ ချိုင်းမွှေးရိတ်မယ့်အစား အမွှေးရိတ်ခရင်မ်လိမ်းပြီး ဇာဂနာနဲ့နုတ်ပေးပါ။

– ပုံမှန်ရေချိုးပါ

ချိုင်းယားယံသည်ဖြစ်စေ၊ မယားသည်ဖြစ်စေ ပုံမှန်ရေချိုးပေးပါ။ ချိုင်းနေရာက စိုစွတ်နွေးထွေးတာကြောင့် ပိုးမွှားတွေပေါက်ပွားပြီး ချိုင်းအနံ့ဆိုးထွက်တာနဲ့ ယားယံတာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ရေချိုးသန့်စင်ပေးပါ။

– ပူစပ်ပူလောင်ဖြစ်စေသော သန့်စင်ပစ္စည်းများရှောင်ပါ

ဓာတုပစ္စည်း ဒါမှမဟုတ် ကြမ်းတမ်းတဲ့ ပစ္စည်းတွေပါတဲ့ ချိုင်းလိမ်းတောင့်တွေကို ချိုင်းမှာမလိမ်းပါနဲ့။ အနံ့အသက်ကောင်းချင်ရင် ဆော်ဒါမှုန့် ဒါမှမဟုတ် ကျောက်ချဉ်ကို ရေနဲ့ဖျော်ပြီး လိမ်းပေးပါ။

– သဘာဝကျသော လိုးရှင်းလိမ်းပါ

ချိုင်းမှာ ကလမင်းလိုးရှင်းလိမ်းပေးတာကြောင့် ယားယံတဲ့ဝေဒနာသက်သာပြီး ချိုင်းအရေပြားကို သက်သောင့်သက်သာရှိစေပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို သုတ်လိမ်းပေးပြီး မိနစ် ၂၀အကြာမှာ ရေနဲ့ ဆေးကြောလိုက်ရင်လည်း ချိုင်းယားယံတဲ့ ဝေဒနာသက်သာစေပါတယ်။ ဆော်ဒါမှုန့်ကို ရေနဲ့ပျစ်ပျစ်ဖျော်ပြီး ချိုင်းမှာ လိမ်းပေးရင်လည်း ယားယံတဲ့ဝေဒနာကိုသက်သာစေပါတယ်။

– ပိုးမွှားများကို ဖယ်ရှားပါ

ကူးစက်ပိုး၊ အထူးသဖြင့် ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်ပိုးဝင်တာကြောင့် ချိုင်းယားတတ်ပါတယ်။ အဲဒီအခြေအနေမှာ ချိုင်းကို အုန်းဆီပါးပါးလိမ်းပေးရင် ပိုးမွှားတွေကြောင့်ယားယံတဲ့ ဝေဒနာသက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top