Healthy Life Ad
Q & A

၀ဲပျောက်ပြီးတာတောင် ယားနေတယ်

Q. လက်ချောင်းကြားမှာ ဝဲပေါက်ပြီး ပျောက်တာကြာပါပြီ။ ဒါပေမဲ့ အခုထိယားနေတုန်းပဲ။ အဲဒါ ဘာကြောင့်ပါလဲ။

KKM (FB)

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. ဝဲကပျောက်ပြီးရင်တောင် အချိန်အတော်ကြာကြာ ယားနေတတ်ပါတယ်။ ဝဲကူးပြီးတဲ့လူနာတွေက ဝဲကိုသေသေချာချာ ကုသပြီးရင်တောင် ပြန်ဖြစ်ရင် တစ်ရက်အတွင်း ပြန်ယားနိုင်ပါတယ်။ ပထမတစ်ခါ ဝဲပေါက်ချိန်မှာ ကိုယ်ခံစွမ်းအားစနစ်က ဒုတိယတစ်ခါမှာ ပိုတုံ့ပြန်တာကြောင့်ဖြစ်တာပါ။ ဝဲက ပျောက်ပြီးတစ်လခွဲလောက်အထိ ယားနေတတ်ပါတယ်။ တချို့ဝဲကုသဆေးတွေက ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေကို လိမ်းလို့မရပါဘူး။ ဝဲကိုကုသပြီးချိန်မှာ အဝတ်အစား၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေကို ရေနွေးပူပူနဲ့လျှော်ရပါမယ်။ မလျှော်နိုင်တဲ့ ပစ္စည်းတွေကို လေလုံအောင် ပလတ်စတစ်အိတ်နဲ့ တစ်ပတ်လောက်ထည့်ထားရပါမယ်။ အခန်းသန့်ရှင်းရေးကို သေသေချာချာ ပြုလုပ်ရပါမယ်။ ကြမ်းခင်းနဲ့ ပရိဘောဂပစ္စည်းတွေပါ သန့်ရှင်းရေးလုပ်ရပါမယ်။

ရေဘယ်လောက်ချိုးချိုး ဝဲဆေးမလိမ်းရင် မပျောက်ဘူးဆိုတာသတိထားသင့်ပါတယ်။ ဝဲပေါက်ရင် စောစောကုသတာ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top