Healthy Life Ad
Health Tips

ကျောပြင်နှင့် ချိုင်း(ဂျိုင်း)နေရာရှိ အဆီပိုများကို မိနစ် ၂၀ အတွင်း ဖယ်ရှားပေးနိုင်မည့် လေ့ကျင့်ခန်း ၁၀

၊ လရိပ်မေ ၊

ကျောပြင်နဲ့ ချိုင်း(ဂျိုင်း)နေရာတွေမှာ အဆီပိုတွေရှိနေရင် အင်္ကျီကျပ်ကျပ်ဝတ်တဲ့အခါ အဆင်မပြေဘဲကြည့်ရဆိုးတတ်ပါတယ်။ ဒါကြောင့် အဲဒီနေရာက အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့ တစ်ပတ်မှာ နှစ်ကြိမ်-သုံးကြိမ်တော့ ဒီလေ့ကျင့်ခန်းတွေကို လုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်း (၁)ကြိုးခုန်ခြင်း
အချိန် နှစ်မိနစ်လောက်ပေးရုံနဲ့ ခန္ဓာကိုယ်သွေးပူသွားစေမယ့် လေ့ကျင့်ခန်းပါ။ ကြိုးခုန်တာက ပခုံးနဲ့ ကျောပြင်ကိုလည်း ထိရောက်မှုရှိစေပါတယ်။

လေ့ကျင့်ခန်း (၂) အလေးတုံးမပြီး လက်ဝှေ့ထိုးခြင်း
လက်ဝှေ့ထိုးသလိုလုပ်ရတဲ့ လေ့ကျင့်ခန်းပါ။ ဒီလေ့ကျင့်ခန်းက သင့်ကျောနဲ့ လက်မောင်းတွေကိုထိရောက်စေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်း သွေးပူစေပြီး ခန္ဓာကိုယ်ဟန်ချက်ညီစေပါတယ်။ပြုလုပ်ရမှာကခြေထောက်နှစ်ချောင်းကို တင်ပါးအကျယ်အတိုင်း ချဲရပ်ပြီး ဒူးအနည်းငယ်ကွေးပါ။လက်မောင်းမြှောက်ပြီး ဘယ်ဘက်လက်ကို လက်ဝှေ့ထိုးတဲ့ဟန်လုပ်ပါ။မူလအနေအထားအတိုင်း ပြန်နေပြီးမှ ညာဘက်လက်နဲ့ လက်ဝှေ့ထိုးတဲ့ဟန်လုပ်ပါ။လက်တစ်ဖက်စီ ပြောင်းလုပ်ရင်း စက္ကန့် ၆၀ လှုပ်ရှားပါ။ ပြီးရင် စက္ကန့် ၂၀လောက် နားပြီး သုံးကြိမ်ပြန်လုပ်ပါ။

လေ့ကျင့်ခန်း (၃) ခြေထောက်နှင့် ရင်ဘတ်အပြိုင်ဆန့် တန်းထုတ်ခြင်း
ဒီလေ့ကျင့်ခန်းက တစ်ကိုယ်လုံးကို လှုပ်ရှားမှု လုပ်ဖြစ်စေပါတယ်။ ရင်ဘတ်၊ ဝမ်းဗိုက်၊ နောက်ကျောတွေကို သန်စွမ်းစေပြီး ကိုယ်နေဟန်ကောင်းစေကာ ပျော့ပျောင်းစေပါတယ်။ကြမ်းပြင်ပေါ် လှဲပြီး ရင်ဘတ်ပေါ် အလေးတုံးမထားတဲ့ လက်တွေမြှောက်ထားပါ။ ဒူးကွေးပြီး အပေါ်ထုတ်ပါ။ပြီးရင် လက်ဆန့်တန်းတာနဲ့အတူ ခြေထောက်ကိုပါ ဆန့်ထုတ်လိုက်ပါ။မူလအနေအထားကို ပြန်နေပြီး ၄၅ စက္ကန့်လောက် ပြန်လုပ်ပါ။၂၀-၃၀ စက္ကန့်နားပြီး သုံးကြိမ်ပြန်လုပ်ပါ။

လေ့ကျင့်ခန်း (၄) လက်မောင်းလေ့ကျင့်ခြင်း
ဒီလေ့ကျင့်ခန်းက ခါးအပေါ်ပိုင်းနဲ့အလယ်ပိုင်းကို ဦးတည်ပြီး ဝမ်းဗိုက်ကြွက်သား သန်စွမ်းစေပါတယ်။မတ်မတ်ရပ်ပြီး လက်ထဲမှာ အလေးဘားတစ်ခုကိုင်ထားပါ။ရင်ဘတ်အပေါ် ရောက်နိုင်သမျှ အလေးဘားကို မြှင့်ပေးပါ။နောက်ကျောကို ဖြည်းဖြည်းချင်း နှိမ့်ချပါ။ဒီလေ့ကျင့်ခန်းကို စက္ကန့် ၆၀ကြာ ပြုလုပ်ပါ။၂၀-၃၀ စက္ကန့်နားပြီး သုံးကြိမ်ထပ်လုပ်ပါ။

လေ့ကျင့်ခန်း (၅) လက်မောင်းလေ့ကျင့်ခြင်း
ဒီလေ့ကျင့်ခန်းက ပခုံး၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ လက်ထဲမှာ အလေးတုံးတွေ ကိုင်ပြီး ကိုယ်ခန္ဓာက ဘောလုံးပေါ် လှဲထားပါ။ကျောအပေါ်ပိုင်းကိုဘောလုံးပေါ်လှဲပြီး အလေးတုံးကိုင်ထားပါ။အလေးတုံးကို လက်တစ်ဖက်စီနဲ့ချဲယူပြီး ထက်မြှင့်ကာ ထိတွေ့ပေးပါ။စက္ကန့် ၆၀ ကြာ လေ့ကျင့်ခန်းဆက်လုပ်ပါ။စက္ကန့် ၂၀-၃၀ ကြာနားပြီးမှ သုံးကြိမ်ပြန်လုပ်ပါ။

လေ့ကျင့်ခန်း (၆)အိပ်ထမတင်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက ချိုင်းအဆီတွေအတွက် အထိရောက်ဆုံးပါ။ နေ့တိုင်း အိပ်ထမတင်လေ့ကျင့်ခန်းလုပ်ရင် ခါးကြွက်သားတွေကိုလည်း သန်စွမ်းစေပါတယ်။

လေ့ကျင့်ခန်း (၇) ခြေထောက်ဆန့်ထုတ် လေ့ကျင့်ခြင်း
ဒီလေ့ကျင့်ခန်းက တစ်ကိုယ်လုံးကို လှုံ့ဆော်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ဒုတိယပတ်လောက်မှာ စတင်လုပ်သင့်ပါတယ်။ဘယ်ခြေထောက်ကို ရှေ့ထုတ်ပြီး ညာဘက်က ယှက်ထားတဲ့ အနေအထားမျိုးနေပါ။ပြီးရင် မတ်တပ်ရပ်ပြီး ဘယ်ခြေထောက်ကို ဘေးဘက်ကန်ထုတ်ကာ လက်ကို ပခုံးကနေ ဆန့်ထုတ်လိုက်ပါ။စက္ကန့် ၃၀ ကြာလုပ်ပြီး ဘက်ပြောင်းပါ။၂၀-၃၀ စက္ကန့်နားပြီး သုံးကြိမ်ထပ်လုပ်ပါ။

လေ့ကျင့်ခန်း (၈) လှဲလျောင်းရင်းလှည့်လည်သည့် လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ကြမ်းပြင်ပေါ် လက်ထောက်မှောက်ပြီး ပခုံးတွေကို ဖြောင့်ဖြောင့်ထားပါ။ပြီးရင် လက်တစ်ဖက်ကို ပခုံးပေါ်မြှင့်ပြီး ခြေထောက်တွေကို ဘေးဘက်ဆန့်ထုတ်ပါ။မူလအနေအထားပြန်နေပြီး ဘက်ပြောင်းလုပ်ပါ။၂၀-၃၀ စက္ကန့်ကြာ အနားယူပြီး သုံးကြိမ်ထပ်လုပ်ပါ။

လေ့ကျင့်ခန်း (၉) စူပါမန်းလေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက ကျောပြင်ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ကြမ်းပြင်ပေါ် မှောက်လျက်အနေအထားနဲ့ နေပြီး ဦးခေါင်းကို လက်မောင်းကနေ ဆန့်ထုတ်ပါ။ဝမ်းဗိုက်က ကြမ်းပြင်နဲ့ထိပြီး လက်တွေကို ဆန့်ထုတ်ပါ။ ခြေထောက်ကိုပါ ကြမ်းပြင်ကနေမြှင့်ပေးပါ။စက္ကန့် ၂၀ကြာထိန်းထားပြီး ခန္ဓာကိုယ်ကို ပြန်နှိမ့်ကာမူလအနေအထား ပြန်နေပါ။၂၀-၃၀ စက္ကန့်နေပြီး သုံးကြိမ်ပြန်လုပ်ပါ။

လေ့ကျင့်ခန်း (၁၀) ဆွဲဆန့်လေ့ကျင့်ခြင်း
နောက်ဆုံးမှာ ကျောပြင်ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ရပါမယ်။ ကြောင်တစ်ကောင်လို လေ့ကျင့်ပေးရမှာပါ။ လေ့ကျင့်ခန်းဘောလုံးကိုသုံးပြီး ခါးအလယ်ကိုတင်ကာ ဂရုတစိုက်နဲ့ ကွေးပါ။ ခြေထောက် နဲ့လက်မောင်းတွေကို ဆွဲဆန့်ပါ။ စက္ကန့် ၂၀ကြာထားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top