Healthy Life Ad
Q & A

ညာဘက်ကျောက်ကပ် ထုတ်ထားရသူ . . .

မေး. ၂၀၁၅ခုနှစ်က ညာဘက်ကျောက်ကပ်ပျက်လို့ ထုတ်ပစ်လိုက်ပါတယ်။ ရေသန့်ကို ဘယ်လောက်သင့်တယ်ဆိုတာ အကြံပြုပေးပါ။
U Than Myint (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သာမန်အားဖြင့်တော့ ကျန်းမာလိုသူတိုင်း သောက်သင့်တဲ့ ရေပမာဏက တစ်နေ့မှာ နှစ်လီတာဖြစ်ပါတယ်။ ကျောက်ကပ်တစ်လုံးထုတ်ထားတဲ့ သူအနေနဲ့ ကျောက်ကပ်နှစ်လုံးစာကို ကျောက်ကပ်တစ်လုံးတည်းနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ရေကို အဲဒီလောက်တော့ မသောက်သင့်ပါဘူး။ တခြားရောဂါမရှိသူဖြစ်ရင် ၁ လီတာနဲ့ ၁ လီတာ ခွဲကြားလောက်ဆိုရင်တော့ သင့်တော်မယ်လို့ ဆရာထင်ပါတယ်။

ကျောက်ကပ်တစ်ဖက် လှူထားတဲ့သူတွေ၊ ကျောက်ကပ်တစ်ဖက်ပဲ ရှိသူတွေလာပြတဲ့အခါ စစ်ဆေးတွေ့ရှိချက်အရ ကျောက်ကပ်တစ်ဖက်က နည်းနည်းလေးကြီးနေတတ်တယ်။ အဲဒါက အလုပ်ပိုလုပ်ရလို့ပါ။ ရေများများသောက်ရင် သောက်သလို ကျောက်ကပ်က အလုပ်ပိုလုပ်ရပါတယ်။ ဒါကြောင့် ကျောက်ကပ်အားနည်းတဲ့သူတွေမှာ ရေဓာတ်မစွန့်ထုတ်နိုင်တာကြောင့် ခြေထောက်ဖောလာတယ်ဆိုရင် ရေဓာတ်လျှော့သောက်ရပါတယ်။ အခုမေးတဲ့ မေးခွန်းကို ဖြေရရင် ရေများများ သောက်စရာမလိုဘူး၊ တခြားရောဂါတွေမရှိဘူးဆိုရင် တစ်နေ့မှာ တစ်လီတာနဲ့ တစ်လီတာခွဲကြားဆိုရင် လုံလောက်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top