Healthy Life Ad
Health Tips

ပန်ကရိယကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေမည့် အမူအကျင့်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပန်ကရိယကင်ဆာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေများတဲ့ အရာတွေကို သတိထားဆင်ခြင်နိုင်အောင် မျှဝေလိုက်ရပါတယ်။

အသက်အရွယ်
အသက်ကြီးလာလေလေ ပန်ကရိယကင်ဆာဖြစ်နှုန်းမြင့်မားလေလေ။

လိင်အမျိုးအစား
အမျိုးသားတွေက အမျိုးသမီးတွေထက်ပို အဖြစ်များတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မျိုးရိုး
ပန်ကရိယကင်ဆာက မျိုးရိုးလိုက်တတ်ပါတယ်။

စီးကရက်သောက်ခြင်း
စီးကရက်သောက်ရင် ပန်ကရိယကင်ဆာ ဖြစ်နှုန်းကို နှစ်ဆမြင့်တက်စေပါတယ်။ ပန်ကရိယကင်ဆာဖြစ်သူ ငါးဦးအနက် တစ်ဦးက စီးကရက်သောက်တာကြောင့် ဖြစ်ရတာပါ။ ဆေးလိပ်ဖြတ်လိုက်ရင် ပန်ကရိယကင်ဆာဖြစ်နှုန်း သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။

ကိုယ်အလေးချိန်များခြင်း
အဝလွန်တာ၊ ကိုယ်အလေးချိန်များတာကလည်း ပန်ကရိယကင်ဆာဖြစ်နှုန်း မြင့်တက်စေပါတယ်။ ကိုယ်အလေးချိန်များနေရင် လျှော့ချပြီး ထိန်းသိမ်းနေထိုင်တာက ပန်ကရိယကင်ဆာအန္တရာယ်ကို လျော့ကျစေရုံသာမက တခြားရောဂါဝေဒနာတွေကိုလည်း သိသိသာသာ သက်သာစေပါတယ်။

ကျန်းမာရေးနှင့် မညီညွတ်သည့် အစာစားခြင်း
ပါးစပ်ထဲ ထည့်သမျှ အစားအသောက်တွေက ပန်ကရိယကင်ဆာ ဖြစ်နှုန်းအနည်းအများနဲ့ ဆက်နွှယ်နေပါတယ်။ နေ့တိုင်းအဆီနဲ့ ကိုလက်စထရောများတဲ့ အစားအသောက်တွေကို စားဖြစ်နေသလား၊ နိုက်ထရိုစမင်းပါတဲ့ပြုပြင်ထားတဲ့ အစားအသောက်တွေကို စားဖြစ်နေသလား။ နှစ်ခုလုံး “ဟုတ်တယ်” ဆိုရင် ပန်ကရိယကင်ဆာဖြစ်နှုန်း မြင့်မားနေပါတယ်။ အခုကစပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် များများပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို စားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top