Healthy Life Ad
Q & A

ဦးခေါင်းတွင် ကင်ဆာအကျိတ်ဖြစ်ခြင်း

မေး. ဦးခေါင်းမှာကင်ဆာအကျိတ်ဖြစ်တာ ဘယ်လိုကနေပြီး စဖြစ်တာလဲ သိချင်လို့ပါ။ ခေါင်းကိုက်တာမျိုးက ဖြစ်တတ်တာလားရှင့်။
ဆူးခင်းလမ်း (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဦးနှောက်မှာ ကင်ဆာအကျိတ်ဖြစ်ရင် စစချင်း မသိသာဘူး။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး လက္ခဏာလေးတွေ ပြနိုင်ပါတယ်။ အကျိတ်က ပမာဏကြီးလာပြီး ဦးနှောက်ထဲ ဖိအားများလာရင် ခေါင်းကိုက်တာ ခံစားရတတ်ပါတယ်။ တကယ်လို့ အကျိတ်က အမြင်အာရုံနဲ့ဆိုင်တဲ့အပိုင်းကို သွားဖိမိရင် အမြင်အာရုံဝေ၀ါးတာနဲ့ စတင် ခံစားရတတ်ပါတယ်။ လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ အာရုံကြောတွေမှာ သွားဖြစ်တယ်ဆိုရင် ကိုယ်တစ်ခြမ်းအားနည်းပြီး လေဖြတ်တာနဲ့လည်း လာနိုင်ပါတယ်။ တချို့တွေမှာ တက်တော့မှ စစ်ဆေးလိုက်တဲ့အခါ ဦးနှောက်အကျိတ်ရှိ မှန်းသိရတာမျိုးလည်း ရှိပါတယ်။ တော်တော်များများက အကျိတ်အရွယ်အစားက ဦးနှောက်ထဲနေရာယူလာတဲ့အခါ ဦးနှောက်ထဲ ဖိအားများတဲ့ လက္ခဏာတွေပြသမှ သိနိုင်တာပါ။ အမြင်အာရုံကို သွားဖိတဲ့အကျိတ်ဆိုရင်တော့ သေးသေးနဲ့တင် လက္ခဏာတွေပြလို့သိနိုင်ပါတယ်။ များသောအားဖြင့် အကျိတ်ကြီးမှ လေဖြတ်တာ၊ အန်တာ၊ တက်တာ၊ ခေါင်းကိုက်တာ စတဲ့ လက္ခဏာတွေပြသပြီး စမ်းသပ်ကြည့်လိုက်မှ သိနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top