Healthy Life Ad
International

ဦးနှောက်သုံး အလုပ်လုပ်သူများက ဦးနှောက်အကျိတ်ရောင်ရောဂါ ရနိုင်ခြေမြင့်မား

၊ မိုးမင်းထွန်း ၊

တက္ကသိုလ်ပညာတတ်တွေက ဦးနှောက်အကျိတ်ရောင်ရောဂါ ရနိုင်ခြေများတယ်လို့ လေ့လာမှု တစ်ခုကဆိုပါတယ်။

အနည်းဆုံးတက္ကသိုလ် သုံးနှစ်တက်ဖူးတဲ့ အမျိုးသားတွေဟာ ၁၆နှစ်အရွယ်မှာ ကျောင်းထွက်သူတွေထက် ဦးနှောက်ကင်ဆာအကျိတ် တွေ့နိုင်ခြေ ၁၉ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေမှာ ရာခိုင်နှုန်းပိုများပြီး ၂၃ ရာခိုင်နှုန်းထိ မြင့်မားတာကို တွေ့ရပါတယ်။

ဒီလိုဆက်စပ်မှုက ပညာနဲ့အသက်မွေးတဲ့ အလုပ်တွေမှာလည်း တွေ့ရတယ်လို့ဆိုပါတယ်။ သာမန်အလုပ်တွေမှာလုပ်တဲ့ အမျိုးသားတွေနဲ့စာရင် ပညာနဲ့အသက်မွေးတဲ့ ဒါမှမဟုတ် မန်နေဂျာအဆင့်ရှိတဲ့ အမျိုးသားတွေဟာ ကင်ဆာအကျိတ်ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများကာ ကင်ဆာမဟုတ်တဲ့ ဦးနှောက်အကျိတ်ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများတာကိုတွေ့ရပါတယ်။

အထက်တန်းကျတဲ့ ရာထူးရှိသူ အမျိုးသမီးတွေမှာလည်း ဦးနှောက်ကင်ဆာအကျိတ်ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုများတာကိုတွေ့ရပါတယ်။ ရလဒ်က စဉ်းစားတာနဲ့ ဦးနှောက်သုံးအလုပ် လုပ်ရတာတွေက ကင်ဆာဖြစ်နိုင်ခြေမြင့်မားတာကို ညွှန်းဆိုနေပါတယ်။ ဒါပေမဲ့ ယူနီဗာစတီကောလိပ်လန်ဒန်မှ သုတေသီတွေက ဒီလိုရာခိုင်နှုန်းများတာဟာ ပညာတတ်တွေက ဆေးကုသမှုခံယူတာ များပြားတဲ့အတွက် ရာခိုင်နှုန်းမြင့်မားတာ ဖြစ်နိုင်ခြေရှိပါတယ်လို့ ရှင်းပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top