Healthy Life Ad
Life Style

ဦးနှောက်ထဲက အကျိတ်(Pituitary gland tumors)

ဒေါက်တာတင့်ဆွေ
မေး ။ My wife had diagnosed by MRI scan. The endocrinologist said her Pituitary gland has tumor size 1.5 x1.3 cm. It is still under consultation for further treatment. Please explain about this disease treatment and side effect for living style. She is 46 years old with 2 kids.
ဖြေ ။ Pituitary tumors ဦးနှောက်ထဲက (ပစ်ကျူထရီ ဂလင်း)အကျိတ်အများစုဟာ ကင်ဆာ မဟုတ်ပါ။ တချို့မှာ အကျိတ်ရှိနေပေမဲ့ ဘာမှလဲ မခံစားရလို့ ရှိနေမှန်းမသိကြပါ။ (ပစ်ကျူထရီဂလင်း) ဆိုတာ လူတိုင်းရဲ့ ဦးနှောက်အောက်နေရာလေးမှာ ရှိတယ်။ မြေပဲစေ့လောက်သာကြီးတယ်။ ဘာလို့ဖြစ်သလဲ မပြောနိုင်ပါ။

ဟော်မုန်းတွေအများကြီးထုတ်ပေးနေတယ်။

၁ ။ Adrenocorticotropic hormone (ACTH)

၂ ။ Growth hormone (GH)

၃ ။ Prolactin နဲ့

၄ ။ Thyroid-stimulating hormone (TSH) ဟော်မုန်းတွေဖြစ်တယ်။ တကယ်လို့ ဖြစ်လာတဲ့ အကျိတ်ကြောင့် ဟော်မုန်းမထုတ်နိုင်တော့ရင် Hypopituitarism ရောဂါဖြစ်လာနိုင်တယ်။

Symptoms ခံစားရနိုင်တာတွေကတော့ –

၁. Hyperthyroidism လည်ပင်းကြီးဟော်မုန်း များခြင်း၊

၂. Cushing syndrome (ကွတ်ရှင်းဆင်ဒရုမ်း)၊

၃. Gigantism or acromegaly (အခရိုမက်ဂါလီ)လူကောင်ကြီးမားလာခြင်းနဲ့

၄. Nipple discharge နို့ကနေ မထွက်သင့်ဘဲ နို့ထွက်ခြင်း။

Pressure symptoms ဖိအားကြောင့်ဆက်ဖြစ်တာတွေလဲ ခံစားရနိုင်တယ်။

၁ ။ Headache ခေါင်းကိုက်၊

၂. Lethargy အားယုတ်၊

၃. Nasal drainage နှာရည်ယို၊

၄. Nausea and vomiting ပျို့-အန်၊

၅. Problems with the sense of smell အနံ့ပျက်၊

၆. Visual changes အမြင်ပြောင်း၊ Double Vision နှစ်ရုပ်မြင်၊ Drooping eyelids မျက်ခွံကျ၊ Visual field loss မြင်ကွင်းပျောက်။

Endocrine function tests ဟော်မုန်းစစ်ဆေးမှု လုပ်မယ်။

၁ ။ Cortisol levels (Dexamethasone suppression test + Urine cortisol test)

၂ ။ Follicle-stimulating hormone (FSH) levels

၃ ။ Insulin growth factor-1 (IGF-1) levels

၄ ။ Luteinizing hormone (LH) levels

၅ ။ Serum prolactin levels

၆ ။ Testosterone/estradiol levels

၇ ။ Thyroid hormone levels (Free T4 test + TSH test)

Tests that help confirm the diagnosis ရောဂါသေချာအောင် ဒါတွေလဲ လုပ်နိုင်တယ်။

၁ ။ Formal visual field testing

၂ ။ MRI of head

Treatment ကုသမှု

၁ ။ Surgery ခွဲစိတ်ကုသမှု လိုနိုင်တယ်။

၂ ။ Radiation ဓာတ်ကင်ပြီး သေးအောင်လုပ်နိုင်တယ်။

၃ ။ Medication ဆေးပေးတာတွေလုပ်နိုင်တယ်။

a .Bromocriptine or cabergoline

b. Octreotide or pegvisomant

Outlook အလားအလာ

ခွဲစိတ်ထုတ်နိုင်ရင် အလားအလာကောင်းတယ်။

Possible Complications ဘာဆက်ဖြစ်နိုင်သလဲ

၁.Bkindness မျက်စိကွယ်နိုင်တယ်။

၂. Permanent hormone imbalances ရာသက်ပန်ဟော်မုန်းမျှခြေပျက်လို့ ဟော်မုန်းအစား ထိုးပေးနေရနိုင်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top