Healthy Life Ad
Life Style

ဂေါင်ဟိုဂျင်းနုပျိုကြည့်ကောင်းရခြင်းလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ မင်းသမီးအကျော်အမော်တွေထဲ ဂေါင်ဟိုဂျင်းလည်း အပါအဝင် ဖြစ်ပါတယ်။ သူ့အသားအရေကလန်းဆန်းပြီး သူ့ကို ကြည့်လိုက်ရင် ငယ်ရွယ်နုပျိုတဲ့ အသွင်အမြဲရှိတဲ့ ဂေါင်ဟိုဂျင်းရဲ့ လျှို့ဝှက်ချက်ကိုမျှဝေလိုက်ပါတယ်။

အရောင်များ ဆင်မြန်းခြင်း
ဂေါင်ဟိုဂျင်းက သူ့နေ့စဉ်ဘဝမှာ အရောင်လွင်တဲ့ ဝတ်စုံလေးတွေကို ဝတ်ဆင်ရတာ အင်မတန်သဘောကျသူပါ။ မိန်းကလေးစတိုင်၊ တရုတ်စတိုင်၊ ကျက်သရေရှိတဲ့ အမျိုးသမီးစတိုင်စသဖြင့် စတိုင်မျိုးစုံပေါ်လွင်အောင် ဝတ်စားဆင်ယင်တဲ့ ဖက်ရှင်ပိုင်းမှာကျင်လည်သူဖြစ်ပါတယ်။

အသားအရေကို အလွန်အမင်း ထိန်းသိမ်းခြင်း
သူနုပျိုရတဲ့ လျှို့ဝှက်ချက်က အသားအရေကို အထူးတလည်ဂရုစိုက်လို့ပါပဲ။ မျက်ဝန်းတစ်ဝိုက်ဆိုတာ ထိခိုက်လွယ်တဲ့နေရာဖြစ်တော့ မျက်ဝန်းအောက် သန့်စင်မယ့် ဝါဂွမ်းစကိုရေထဲစိမ်ပြီး ရေခဲသေတ္တာအအေးခန်းထဲ ထည့်ထားလေ့ရှိပါတယ်။ ပြီးမှ မျက်နှာကိုသန့်စင်ပါတယ်။ ဒီနည်းလမ်းဟာ အရေပြားချွေးပေါက်တွေကို ပိတ်စေပြီး လန်းဆန်းနုပျိုတဲ့ အသွင်ဖြစ်ပေါ်စေပါတယ်။

သဘာဝအလှကို အလေးထားခြင်း
ဂေါင်ဟိုဂျင်းက မျက်ဝန်းကို အိုင်းလိုင်နာခပ်ပါးပါး၊ မက်စ်ကာရာခပ်ပါးပါးနဲ့ပဲခြယ်သလေ့ရှိပါတယ်။ သဘာဝကျတဲ့ အသွင်မျိုးဖြစ်စေဖို့ သဘာဝအရောင် နှုတ်ခမ်းနီဆိုးလေ့ရှိသူပါ။ ဒီအချက်က နုပျိုလန်းဆန်းစေတဲ့ လျှို့ဝှက်ချက်တစ်ရပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top