Healthy Life Ad
Life Style

ရေမြွှာရည်(Amniotic fluid)

ဒေါက်တာတင့်ဆွေ

၁။ ဆရာရှင့် ရေမြွှာ ၉ . ၅ ဆိုဗိုက်နာတဲ့ထိ စောင့်လို့ရလားရှင့်။ ခုကိုယ်ဝန်က ၃၈ ပတ်ပါ။
၂။ ရေမွန်းတာကို English လိုဘယ်လိုပြောရပါလဲဆရာ။

ရေမွန်းတယ်လို့တော့မခေါ်ပါ။ ရေမြွာ စောပေါက်တာရှိတယ်။ ကလေးမွန်းတာရှိတယ်။ ရေမြွာရည်သွေးကြောပိတ်တာ ရှိတယ်။ကိုယ်ဝန်ဆောင်တိုင်းမှာ ကလေးက မြွာရည်အိတ်ထဲမှာ ရှိတယ်။ ကလေး လွတ်လွတ်လပ်လပ် လှုပ်ရှားနေနိုင်တယ်။ အကာကွယ်ပေးထားတယ်။ ဖွံ့ဖြိုးမှုကိုကောင်းစေတယ်။ အပူချိန်ထိန်းပေးတယ်။ ရေမြွာရည်ဆိုတာ ကြည်လင်နေပြီး နည်းနည်းလေးဝါတယ်။ ကိုယ်ဝန် ၃၄ ပတ်မှာ အများဆုံးရှိတယ်။ ပျမ်းမျှ ၈၀ဝ စီစီ ရှိတယ်။ မွေးကာနီး ၄၀ ပတ်မှာ ၆၀ဝ စီစီ ရှိတယ်။

အမြွှာဆိုပိုများမယ်။ Polyhydramnios များတာလည်းမကောင်း။ Oligohydramnios နည်းတာလည်း မကောင်း။ စာ ၂ပုဒ်ရေးထားပါတယ်။ကလေးက ရေမြွှာရည်မျိုချတယ်။ စွန့်ထုတ်တယ်။ ၁၆ ပတ်မှာ ကလေးကျောက်ကပ်ဖြစ်လာလို့ ဆီးဖြစ်လာပြီး အဲဒါထဲမှာပဲ စွန့်ထုတ်တယ်။ ရေမြွှာရည်ထဲမှာ ရေ + ဓာတ်ဆားတွေ + (၁၂-၁၄ ပတ် နောက်မှာ ပရိုတင်း + ကာဗွန်ဟိုက်ဒရတ် + အဆီ + ယူရီယာ)တွေပါနေတယ်။ pH ၇.ဝ ကနေ ၇.၅ အထိရှိတယ်။ ဗဂျိုင်းနာမှာ pH ၃.၈-၄.၅ ရှိတယ်။ အဲတာများနေရင် ရေမြွှာရည်စိမ့်နေသလား စဉ်းစားရမယ်။ ရေမြွှာအိတ်ပေါက်ရင်စိမ့်ထွက်မယ်။ စီးထွက်မယ်။ ပန်းထွက်မယ်။ မွေးချိန်မတိုင်မီ ထွက်တာမကောင်းပါ။ မွေးကာနီး အလိုလိုပေါက်မယ်။ စောမွေးစေလိုရင် တမင်တကာ ဖောက်ပေးနိုင်တယ်။ ဖောက်ပြီးတာနဲ့ ကလေးနဲ့အပြင်လောကကြီး လမ်းပွင့်သွားပြီ။ ကူးစက်နိုင်တာတွေက ကလေးဆီရောက်လာနိုင်ပြီ။ ကလေးက ဆီးကိုပါမျိုချလို့ meconium (မီကိုးနီးယမ်း)ခေါ်တာဖြစ်လာတယ်။ ကလေးဝမ်းကိုပြောတာပါ။ Fetal distressကလေးမွန်းခြင်း အဖြစ်နည်းပါတယ်။ ကလေးမှာ အောက်စီဂျင်လုံလောက်အောင်မရတာကိုခေါ်တယ်။ ခန့်မှန်းမွေးရက်ထက် ကျော်လာရင်ဖြစ်နိုင်တယ်။ ကိုယ်ဝန်ပုံမှန် မဟုတ်ရင်ဖြစ်နိုင်တယ်။ ကလေးနှလုံးခုန်တာ စောင့်ကြည့်နေရတယ်။ လိုအပ်လာရင် မိခင်လောင်းကို အောက်စီဂျင်ပေးရမယ်။ သွေးပြန်ကြောထဲ ဆေးရည်သွင်းပေးရမယ်။ အနေအထားပြုပြင်ပေးရမယ်။ ဥပမာ တဖက်စောင်းနေစေတာ။

ရေမြွှာရည်အရောင်ပြောင်းလာတာဟာ ကလေးအခြေအနေကိုပြတာဖြစ်တယ်။ ပုံမှန်အရောင်က နည်းနည်းသာ ဝါရာကနေစိမ်းဝါဝါ။ အစိမ်း။ အစိမ်းပုပ်ရောင်တွေဟာ ဆိုးလာတာကိုပြေနေတာဖြစ်တယ်။ ကလေးရဲ့ပဌမဆုံးသွားတဲ့ meconium ဝမ်းက ရေမြွှာရည်ထဲမှာ အနည်းနဲ့ အများပါနေလို့ ဖြစ်တယ်။ အရောင်ရင့်လေဆိုးလေ။ ကလေးက မွေးဖွားဖြစ်စဉ်မှာအဲဒါကို ရှူမိနိုင်တယ်။ မွေးမွေးချင်း ကလေးအသက်မရှူတာကို meconium aspiration syndrome လို့ခေါ်တယ်။

ရေမြွှာရည်နောက်တာအပြင် မိခင်လောင်းက ကလေးလှုပ်တာနည်းလာတာကို သတိထားမိနိုင်တယ်။ ကလေးနှလုံးခုန် နှေးလာ-မြန်လာနိုင်တယ်။ ကလေးနှလုံးခုန်တာကို စက်နဲ့ စောင့်ကြည့်နိုင်ရင် မူမမှန်တာတွေ့လာနိုင်တယ်။

ဘာကြောင့်ဖြစ်သလဲ
အသက်ရှူလမ်းအခက်အခဲ။ ကလေးအနေအထား မူမမှန်ခြင်း။ ကလေးများခြင်း Shoulder dystocia ကလေး ပခုံးကြပ်နေခြင်း။
Nuchal cord ချက်ကြိုးလည်ပင်းပတ်နေခြင်း။ Placental abruption အထဲမှာ အချင်းကွာခြင်း။ fetal ductus arteriosus ခေါ်သွေးလွှတ်ကြောစောပိတ်သွားခြင်း Uterine rupture သားအိမ်ကွဲခြင်း။ Intrahepatic cholestasis မိခင်အသည်းမကောင်းဖြစ်လာခြင်း။

အဲလိုဖြစ်လာတွေကိုစောင့်ကြည့်ပြီး ကလေးကို မြန်မြန်မွေးလာအောင်လုပ်ပေးရမယ်။ လိုအပ်လာရင် ချက်ချင်း ခွဲမွေးပေးရမယ်။ မွေးလာတဲ့ကလေးကိုလည်း အသက်ရှူနိုင်အောင်၊ နှလုံးခုန်နိုင်အောင်နဲ့ တခြားလိုတာတွေဆက်လုပ်ပေးရမယ်။Early Rupture of Membranes ရေမြွှာစောပေါက်ခြင်း၊ ရေမြွှာဆင်းတာက ရေမြွှာအိတ်ပေါက်လို့ ဖြစ်တယ်။ မမွေးခင်မှာ ရေဆင်းတယ်၊ အဝတ်ကို စိုလာတယ်ဆိုရင် ရေမြွှာအိတ်ပေါက်တာဖြစ်မယ်။ ကိုယ်ဝန်အားလုံးရဲ့ ၃ရာခိုင်နှုန်းမှာ ဖြစ်တတ်တယ်။ စိုးရိမ်စရာ မလိုတာရော ချက်ချင်းလုပ်ပေးရမှာပါရှိတယ်။ကလေးကို ဂရုစိုက်ရမယ်။ စိမ်းပေါက်တာသာ ဆိုရင်စောင့်လို့ရတယ်။ ရေမြွှာအိတ်ကိုချုပ်တယ်လို့တော့ ဆရာမသိပါ။

သားအိမ်စောပွင့်တာကိုသာ ပြန်ချုပ်ရပါတယ်။ ကလေးလှုပ်နေရင် ကောင်းတယ်။ စောမွေးရင် ကလေးကို အထူးဂရုစိုက်ရတယ်။ စောမွေးလည်း ကလေးကောင်းတာတွေ များပါတယ်။ Premature labor ကလေးစောမွေးခြင်း စာဖတ်နိုင်တယ်။Premature rupture of membranes (PROM) ဆိုတာ ကိုယ်ဝန် ၃၇ ပတ်နောက်မှာရေအရည်ဆင်းတာကို ခေါ်တယ်။
ဗိုက်မနာသေးဘူး။ သွေးလည်း မဆင်းသေးဘူး။ Preterm Premature Rupture Of mem­branes (PPROM) ဆိုတာ ၃၇ပတ် မတိုင်ခင်အဲလိုဖြစ်တာ။ Spontaneous premature rupture of the membranes(SPROM) ဆိုတာ ပုံမှန်၊ ရေမြွှာလည်းပေါက်မယ်။ မွေးဖို့ဖြစ်လာတယ်။

စောမွေးတာတွေရဲ့ ၈၅% မှာ ကလေးမကျန်းမာတာနဲ့ သေဆုံးတာဖြစ်နိုင်တယ်။ ၃၀-၄၀% က PPROMကနေစောမွေးတာဖြစ်တယ်။ မွေးလမ်းကို လက်နဲ့စမ်းတာမလုပ်ဘဲထားရတယ်။ ပေါက်တာ သေချာဖို့မွေးလမ်းထဲကိရိယာထည့်ကြည့်မယ်။ အရည်က အယ်လ်ကာလိုင်းဓာတ်ရှိတာကို Nitrazine paper နဲ့စမ်းနိုင်တယ်။ အာလ်ထွာဆောင်း ရိုက်နိုင်တယ်။ ရေမြွှာရည်၊ ကလေးအသက်၊ အလေးချိန်၊ အနေအထား၊ စတာတွေကိုသိရမယ်။ ရေမြွှာပေါက်ပြီးရင် ၉၀% က ဆက်မွေးတယ်။ ၂၄ နာရီသာကြာတတ်တယ်။ ပေါက်နေတာကြာရင် ပိုးဝင်တာကို သတိထားရတော့မယ်။ chorioamnionitis ဖြစ်နိုင်တယ်။ ကလေးအတွက် သတိထားရမှာတွေကတော့ ပိုးဝင်တာ၊ အချင်းအထဲမှာကွာတာ၊ ကလေးမွန်းတာ၊ ကလေးချို့ယွင်းတာ၊ အထဲ ဒါမှမဟုတ် အပြင်ရောက်မှ ကလေးမရှင်တာတွေဖြစ်တယ်။ ၁% သေဆုံးနိုင်တယ်။

မွေးပေးရတော့မလား၊ စောင့်နိုင်သေးလား ချိန်ဆရတယ်။ လစေ့နေရင် မွေးပေးသင့်တယ်။
၁။ IV Antibiotics – Ampicillin 2 g q6h and Erythromycin 250 mg q6h ထိုးပေးမယ်။
၂။ စားဆေး Erythromycin တမျိုးတည်း ဖြစ်ဖြစ်၊ amoxicillin clavulanic acid တမျိုးတည်းဖြစ်ဖြစ်၊ amoxicillin clavulanic acid + erythromycin ဖြစ်ဖြစ်သုံးနိုင်တယ်။ ၇ ရက်အများဆုံးပေးတယ်။

မမွေးခင် စတီးရွိုက်ဆေးပေးခြင်း
Corticosteroids ဆေးကို ကလေး ၂၄-၃၄ ပတ်မှာအဆုတ်အားကောင်းအောင်ပေးနိုင်တယ်။ ဆေးရုံတင်ဖို့လိုနိုင်တယ်။
ကလေးအခြေအနေတွေလည်း ကြည့်နေရမယ်။
၁။ Betamethasone 12 mg IM twice in a 24-hour interval ဒါမှမဟုတ်
၂။ Dexamethasone 6 mg q12h 4 doses ပေးတယ်။
၃။ Tocolytics ဆေးလည်းသုံးတယ်။ လေ့လာမှုမစုံသေးပါ။
ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ မွေးလာမယ့် ကလေးဟာ မိခင်သားအိမ်ထဲမှာ ရေမြွှာရည်အပြည့်ရှိတဲ့ အိတ်လေးထဲမှာ နေတယ်။ ရေမြွှာရည်ဆိုတာ သွေးလိုပဲ အမြဲလည်ပတ်နေတယ်။ ကိုယ်ဝန်သက် ထက်ဝက်ရှိတဲ့နောက်မှာ ရေမြွှာရည်ဆိုတာ နေ့စဉ် ကလေးဆီး 700ml/day နဲ့ အဆုတ်ကနေစွန့်ထုတ်ရည် 350ml/day ပါဝင်နေတယ်။ ကလေးက အဲဒါကို မျိုချတယ်။
မိခင်သွေးလှည့်စနစ်ထဲပြန်ရောက်တယ်။ ရေမြွှာရည်အိတ်နံရံကသွေးကြောလေးတွေကနေ ချက်ကြိုးသွေးကြောထဲရောက်တယ်။

ရေမြွှာရည် အနည်း-အများကို Prolactin နဲ့ Prostaglandins ဟော်မုန်းတွေကနေ သက်ရောက်တယ်။ osmotic နဲ့ hydrostatic forces အရည် သဘာဝဖိအားကြောင့်လည်း ပါတယ်။ ကလေးအခြေအနေလည်းပါတယ်။ မိခင် ရေသောက်နည်းတာ နဲ့လည်းဆိုင်တယ်။ နေ့စဉ် နည်းနည်းပြောင်းနေတယ်။

မွေးကာနီးလာရင် နည်းနည်းလာတယ်။ အဲဒါ ပုံမှန်ဖြစ်စဉ်ဖြစ်တယ်။

ရေမြွှာရည်များလွန်းတာကိုPolyhydramnios ခေါ်တယ်။ နည်းလွန်းတာကို Polyhydramnios ခေါ်တယ်။ အနည်း-အများအာလ်ထွာဆောင်းအဖြေမှာပေါ်တယ်။ Amniotic Fluid Index လို့ခေါ်တယ်။ ဥပမာ Amniotic Fluid Index (AFI) = 10cm လို့ရေးမှတ်တယ်။ ဘယ်လောက် အတိုင်းအတာကိုနည်းတယ်၊ များတယ်ခေါ်မလဲပြောရတာ မတိကျလှပါ။ ပေါ့ကက်ခေါ် အိတ်လေးခန်းရှိတယ်။

ရေမြွှာရည်နည်းရင် ဗိုက်ပေါ်ကနေ ကလေးကို စမ်းရတာ သိသာနေမယ်။ ကလေးလှုပ်ရှားမှုလည်း နည်းမယ်။ များနေရင် ဗိုက်အရွယ်အစားပိုကြီးမယ်။ ကလေးကိုစမ်းရတာခက်မယ်။ အပြင်ကနေ ကလေးနှလုံးခုန်သံ နားထောင်ရတာခက်တယ်။

မိခင်အနေရခက်တယ်။ အသက်ရှူခက်မယ်။ မိန်မကိုယ်မှာသွေးပြန်ကြောဖောင်းတာ။ ကိုယ်ရောင်တာ၊ အစာအိမ်အနေရခက်တာတွေရှိနိုင်တယ်။
ရေမြွှာရည်ထုထည် 500mls ထက်နည်းတာ၊ သို့မဟုတ် <2cm maximum pool သို့မဟုတ် AFI <5 ကို ရေမြွှာရည်နည်းတယ်လို့ ခေါ်တယ်။ ကိုယ်ဝန် ၃% ကနေ ၅% ဟာ ရေမြွှာရည်နည်းကြတယ်။ နည်းတာက ၂မျိုး ရှိသေးတယ်။ Physiological oligohydramnios ဇီဝကမ္မ အရနည်းခြင်း၊ ပုံမှန်ကိုယ်ဝန်မှာ ၃၇ ပတ်၊ မွေးကာနီးလာရင်ဖြစ်တယ်။ ခန့်မှန်းရက်ထက်နောက်ကျသူ တွေမျာလည်း နည်းတယ်။ နည်းတိုင်း အခက်အခဲ ရှိမယ်လို့ တန်းမပြောနိုင်ပါ။ Physiological oligohydramnios ရောဂါရှိတဲ့ရေမြွှာရည်နည်းခြင်း ကလေးဆီက စွန့်ထုတ်မှု နည်းလို့ဖြစ်တယ်။ မိခင်ကိုယ်ဝန်ပုံမမှန်မဟုတ်လို့လည်း ဖြစ်တယ်။ ကလေးဖွံထွားမှု အကန့်အသတ်ရှိမယ်။ Polyhydramnios ရေမြွှာရည်များခြင်း

ထုထည် 2000 mls ဝန်းကျင်သို့မဟုတ် >8cm maximum pool စသသူ သို့မဟုတ် AFI >25cm အထိ ရှိတာကိုခေါ်တယ်။ ကိုယ်ဝန် ၁% ကနေ ၃% ရှိတာ ကိုခေါ်တယ်။ သူတို့ထဲက ၆၀% မှာ ဘာကြောင့် အဲလိုဖြစ်ရသလဲမသိပါ။ ကလေးကဆီးသွားများတာ၊ မျိုချတာနည်းတာ၊ အချင်းက တဆင့် ရေပို့စနစ်များတာတွေကနေ ဖြစ်စေနိုင်တယ်။ မိခင်မှာ ဆီးချိုရှိနေရင်၊ Rh သွေးအုပ်စု အဆင်မသင့်ရင်၊ ကလေးမွေးရာပါချို့ယွင်းချက်တွေကနေဆက်ဖြစ်နိုင်တယ်။ အများစုမှာ အခက်အခဲမရှိမွေးပါတယ်။

တချို့မှာ စောမွေးတယ်။ ကလေးအနေအထားပြောင်းနိုင်တယ်။ ချက်ကြိုးကျွံကျတတ်တယ်။ အထဲမှာ အချင်းကွာတတ်တယ်။ အဲလို ကိုယ်ဝန်ဆောင်ကို ဗိုက်မနာခင်ဆေးနဲ့ မွေးအောင် လုပ်ပေးရတတ်တယ်။

နယူးဒေလီမှာ မြန်မာပြည်က ဒုက္ခသည်တွေအတွက် ယမုန်ဆေးခန်းလေးမှာ ၂၀ဝ၆ နိုဝင်္ဘာလကနေ ၂၀၁၄ စက်တင်္ဘာလအထိ မွေးလူနာတွေ ကြည့်ပေး၊ မွေးပေးခဲ့တယ်။ စုစုပေါင်း ကိုယ်ဝန်ဆောင် ၃၄၉ ယောက်။ Blue Baby ခေါ် မွေးမွေးခြင်း အသက်မရှူပြာနှမ်းနေတဲ့ကလေးပေါင်း ၇ ယောက်ရှိခဲ့တယ်။ ကျွန်တော့်ဆေးခန်းမှာ အောက်စီဂျင်မရှိပါ။ ဘာစက်မှ မရှိပါ။
ဆရာမတွေကလည်း ကျွန်တော်သင်ပေးထားတဲ့ဒုက္ခသည်တွေ။ ကလေးတွေကံနဲ့ ဆရာဝန်ကံ သာ အားကိုးရတယ်။ အဲဒီကလေးတွေအသက်ရှင်ခဲ့ပါတယ်။ လက်နဲ့ပုတ်ရတယ်။ ဆေးလိုတာထိုးရတယ်။ ပါးစပ်နဲ့တေ့မှုတ်ရတယ်။ အဲတာ Life Kiss အစစ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top