Healthy Life Ad
Health Tips

အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို ကင်စားမယ်ဆိုရင် . . .

၊ လရိပ်မေ ၊

အကင်စာတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အရသာရှိပြီး ကျန်းမာရေးနဲ့အညီ ပြင်ဆင်ချက်ပြုတ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

– သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကင်ပါ

အကင်စာဆိုတာနဲ့ အသားတွေကို ပြေးမြင်ကြမှာမလွဲပါဘူး။ ဒါပေမဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို မေ့မထားပါနဲ့။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ကင်စားတာကြောင့် အရသာတစ်မျိုးကို ပေးစွမ်းနိုင်သလို ကျန်းမာရေးကိုလည်း မထိခိုက်စေပါဘူး။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလှီးပြီး သံလွင်ဆီဖြန်းကာ အရသာအရည်ဆွတ်ပြီး ကင်ပါ။ ပြီးရင် လတ်ဆတ်တဲ့ ငရုတ်သီးအချဉ်ရည်နဲ့ တွဲစားသင့်ပါတယ်။

– ပိုးဝင်ခြင်းမရှိစေရန် ကာကွယ်ပါ

အဆင်သင့်စားနိုင်တဲ့ အစာတွေကို အသားစိမ်းတွေနဲ့ခွဲထားပါ။ ဒါ့အပြင် လက်ကိုသေချာဆေးကြောပြီး အကင်စာတွေထည့်တဲ့ အိုးခွက်ပန်းကန်တွေကိုပါ သန့်ရှင်းအောင်ဆေးကြောပေးပါ။ အသားစိမ်းတွေကို မကိုင်ခင်နဲ့ကိုင်ပြီး လက်ကိုသေချာဆေးကြောပါ။

– မီးတောက်ကို သတိထားကြည့်ပါ

မီးတောက်နဲ့ အပူပြင်းပြင်းကြောင့် အသားတွေတူးနိုင်ပါတယ်။ တူးနေတဲ့အသားတွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါဝင်တဲ့အတွက် အကင်စာတွေမစားခင် တူးနေတဲ့အပိုင်းတွေကို ဖယ်ထုတ်လိုက်ပါ။ အရသာအရည်ထဲစိမ်ထားတဲ့ အသားတွေက ကင်ဆာဖြစ်စေတဲ့ဓာတ် လျော့ပါးသွားတတ်ပါတယ်။ ဒါကြောင့် ဆားနဲ့ အဆီနည်းတဲ့ အရသာအရည်ကို သုံးပေးပါ။

– အန္တရာယ်ကင်းသော အပူချိန်ပေးပြီး အသားများကိုချက်ပြုတ်ပါ

မကျက်တဲ့အသားတွေက နာမကျန်းမှုအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ အသားတွေအတွက် အန္တရာယ်ကင်းတဲ့ အပူချိန်တွေက ကြက်သား၊ ဆိတ်သား( ၁၆၅ ဒီဂရီ ဖာရင်ဟိုက်)၊ အမဲသားနဲ့ ဝက်သား(၁၆၀ ဒီဂရီဖာရင်ဟိုက်)၊ ငါးနဲ့ပင်လယ်စာ( ၁၄၅ ဒီဂရီ ဖာရင်ဟိုက်)တို့ပဲ ဖြစ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top