Healthy Life Ad
Q & A

အံဆုံးပေါက်ချိန် တချို့လူတွေ ဘာကြောင့်နာရသလဲ

———၊ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆရာဝန် ၊——–

Q. အံဆုံးပေါက်နေချိန်မှာ နာကျင်မှုဝေဒနာတချို့က ခံစားရပြီး တချို့က ဘာမှမခံစားရပါဘူး ဆရာ။ နာကျင်မှုဝေဒနာ သက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။
Lattlatt (FB)

A. အံဆုံးပေါက်ချိန်မှာ နာကျင်မှုဝေဒနာ ခံစားရတာဟာ ထွက်လာတဲ့ သွားပေါက်လာတဲ့ အနေအထားနဲ့ ခံတွင်းသန့်စင်မှုပေါ် မူတည်နေပါတယ်။ ခံတွင်းသန့်စင်မှု ကောင်းနေရင်တော့ ဘာဝေဒနာမှ မခံစားရပါဘူး။ နာကျင်မှုဝေဒနာ သက်သာစေဖို့ဆိုတာက ဖြစ်ပွားတဲ့အခြေအနေ အသေး၊ အကြီးပေါ် မူတည်နေပါတယ်။ ပုံမှန်နာတာဆိုရင် ပါးစပ်ကို ပလုတ်ကျင်းပေးတာ၊ သွားတိုက်တာ၊ အကိုက်အခဲပျောက်ဆေး မှီဝဲပေးရင် ရပါတယ်။ တကယ်လို့ ကြီးနေရင်(မျက်နှာရောင်တာတို့)တော့ အရောင်ကျဆေးတွေ၊ ပိုးသတ်ဆေးတွေစားပြီး ခံတွင်းသန့်အောင် လုပ်ပေးရင် ရပါတယ်။ နောက်ဆက်တွဲမဖြစ်အောင် ဆရာဝန်ဆီပြသရင် ဓာတ်မှန်ရိုက်ကုသဖို့ ဆုံးဖြတ်ပေးပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top