Healthy Life Ad
Health Tips

သင့်တစ်ကိုယ်လုံး ကျန်းမာစေမည့် သဘာဝနည်းလမ်းများ

၊ ငွေစင်ကြယ်ယံ ၊

မျက်စိကျန်းမာဖို့ . . .
နေရောင်ခြည်နဲ့ ထိတွေ့မှုကို တတ်နိုင်သမျှဆင်ခြင်ပါ၊ အပြင်သွားရင် နေကာမျက်မှန်တပ်ဆင်ပါ။ စိတ်ကိုအနားပေးပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ စိမ်းစိုတဲ့ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

အဆုတ်ကျန်းမာဖို့ . . .
အိမ်တွင်း လေထုညစ်ညမ်းမှုကို လျှော့ချပါ။ အိမ်သန့်ရှင်းတဲ့အခါ သဘာဝသန့်စင်နည်းတွေကို အသုံးပြုပါ၊ တတ်နိုင်သမျှ ဓာတုပစ္စည်းကိုရှောင်ပါ။ ဆေးလိပ်သောက်တာကိုရှောင်ပါ၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ မရှူပါနဲ့။

အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာဖို့ . . .
အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ်သောက်ပါ။ အစာကို ဖြည်းဖြည်းချင်းကြေညက်အောင်ဝါးစားပါ။ တာရှည်ခံအောင်ပြုပြင်ထားတဲ့အစာတွေကို တတ်နိုင်သမျှဆင်ခြင်ပါ။

အဆစ်ရောင်ရမ်းမှုကင်းဝေးဖို့
အဆစ်တွေကျန်းမာနေအောင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်၊ ဗီတာမင် D 3 နဲ့ ဗီတာမင်ကေ၊ ကာကူမင်ဓာတ်၊ ချင်း (ဂျင်း)၊ ဘရိုမီလန်းဓာတ်စတာတွေက အရေးပါသလို လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း အရေးကြီးပါတယ်။

ဦးနှောက်ကျန်းမာဖို့ . . .
ဦးနှောက်ကျန်းမာဖို့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်က အရေးပါတာကြောင့် ငါးအဆီ၊ ငါးဒန်ဗိုက်သား၊ ငါးမြင်းဗိုက်သား စတာတွေစားပေးပါ။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပြီး အမြဲတမ်းစိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။

နှလုံးကျန်းမာဖို့ . . .
အရောင်ချွတ်ထားတဲ့ ကောက်နှံနဲ့ အချိုစာတွေကိုလျှော့စားပါ။ လေ့ကျင့်ခန်း ကို ပုံမှန်လုပ်ဆောင်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ မြက်စားနွားတွေကရတဲ့ နို့ကို သောက်သုံးပါ။ သွေးတွင်း ကိုလက်စထရောအဆင့်ကို လျှော့ချပါ။

အရေပြားကျန်းမာဖို့ . . .
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေက အရေပြားအတွက်လည်းသင့်တော်ပါတယ်။ ဟင်းနုနယ်ရွက်လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းလို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ ကာရိုတီးနွိုက်ပါဝင်မှုများတဲ့ မုန်လာဥနီလို အပင်ထွက်ပစ္စည်းကို အရည်ကြိတ်သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top