Healthy Life Ad
Child

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတို့ အောင်မြင်မှုပန်းတိုင် အရောက်လှမ်းနိုင်စေရန်

Graduate – တက္ကသိုလ်စတက်တာနဲ့ နောက်ဆုံးပန်းတိုင်ကို အာရုံစိုက်ပါ။ ဒါက ဘွဲ့ရအောင် ပညာသင်ဖို့ဆိုတာ အလေးထားဂရုပြုပါ။

Read – စာဖတ်ပါ။ သင်ခန်းစာတင်မက တက္ကသိုလ်ကိစ္စအဝ၀အတွက် အီးမေးတွေကိုစစ်ပါ၊ ကျောင်းနံရံကပ်ထားတဲ့ စာတွေကို စစ်ပါ။

Attend – ကျောင်းသားတွေအတွက် အရေးကြီးပါတယ်။ ကျောင်းမှန်မှန်တက်ပါ။ ကျောင်းပျက်ရင် အများကြီး ဆုံးရှုံးသွားပါတယ်။

Deadline matter – ဘယ်အချိန် နောက်ဆုံးပြီးအောင် လုပ်ရမယ်ဆိုတာ သိနားလည်ပါ၊ ကြိုတင် ပြင်ဆင်ပါ၊ နားမလည်ရင် ဆရာတွေဆီ မေးမြန်းပါ။

Use our resources early and often – လေ့လာရမယ့်အရာတွေ၊ ထိထိရောက်ရောက် အကြံပေးနိုင်မယ့် ကိစ္စတွေကို စောစော ရှာဖွေအသုံးချပါ။

Always be on time – အမြဲတမ်း အချိန်မှန်လုပ်ဆောင်ပါ။ ကျောင်းနဲ့ ဘဝတက်လမ်းအတွက် အခြေခံကျတဲ့ အလေ့အကျင့်ကောင်းတစ်ရပ်ဖြစ်ပါတယ်။

Talk to your teachers – သင်သိလိုတဲ့ မေးခွန်းတွေကို ဆရာတွေထံ မေးမြန်းပါ။ သူတိုရဲ့ ဗဟုသုတတွေကို ရယူပြီး ဆရာ-တပည့်ဆက်ဆံရေးကို ပိုကောင်းအောင်တည်ဆောက်ပါ။

Identify your strength – ကိုယ့်ခွန်အား၊ ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ မေဂျာကို ရွေးချယ်ပြီး ဘဝတက်လမ်းအတွက် အဆင်ပြေမယ့်အရာကို လေ့လာပါ။

Own your education – သင်ယူလေ့လာမှုကို ဦးစားပေးအရာအဖြစ်ထားရှိပါ။

Now is your time – ကိုယ့်အနာဂတ်ကို ဆုံးဖြတ်ပါ၊ အိပ်မက်တွေကို တက်တက်ကြွကြွနဲ့ အရောက်လှမ်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top