Healthy Life Ad
Health Tips

အုန်းရေသောက်ခြင်း၏ ကျန်းမာရေးစွမ်းပကား

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အုန်းရေသောက်တဲ့အခါ အောက်ပါ ကျန်းမာရေးအစွမ်းတွေကို ရရှိစေပါတယ်။

(၁) ကြွက်သားနဲ့ ဦးနှောက်ကို အားဖြည့်ပေးပါတယ်
အုန်းရေမှာ ဓာတ်ဆားပါဝင်တဲ့အတွက် ဦးနှောက် အာရုံကြောစနစ်ရဲ့ လုပ်ငန်းကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကြွက်တက်တာနဲ့ ကြွက်သားဆွဲဆန့် တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) အိုမင်းမှုကို ဟန့်တားပေးပါတယ်
အုန်းရေမှာ ဆိုင်တိုကိုင်နင်ဓာတ်ပါတဲ့အတွက် ဆဲလ်တွေကို ကင်ဆာမဖြစ်အောင်နဲ့ အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၃) အစာကြေညက်စေပါတယ်
အုန်းရေမှာပါတဲ့ အင်ဇိုင်းတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်မှုကို အားကောင်းစေပြီး အစာကြေ ညက်စေပါတယ်။ ဓာတ်ဆားတွေပါဝင်တဲ့အတွက် ခန္ဓာကိုယ်က အစာအာဟာရကို မြန်မြန်စုပ်ယူစေပြီး ဆေးသောက်နေရင် ဆေးစွမ်းကို ပိုထက်မြက်စေပါတယ်။ အူနာကျင်တဲ့ဝေဒနာကို သက်သာစေပါတယ်။

(၄) မရှိမဖြစ်အရေးပါတဲ့ ဓာတ်ဆားတွေ ပါဝင်ပါတယ်
အုန်းရေမှာ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တဲ့အတွက် ကြွက်သား၊ နှလုံးတွေကို အားကောင်းစေပြီး ဆဲလ်တွေထဲမှာ ဓာတ်ဆားတွေကို ဟန်ချက်ညီစေပါတယ်။

(၅) ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်
အုန်းရေမှာပါတဲ့လောရစ်အက်စစ်မှာ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မှိုနဲ့ ဘက်တီးရီးယားပိုးကို ဟန့်တားနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်း ရှိ သန်ကောင်တွေကို ကင်းစင်စေပြီး ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။

(၆) ကျောက်ကပ်နဲ့ နှလုံးကို ကျန်းမာစေပါတယ်
အုန်းရေက လေဖြတ်တာနဲ့ သွေးတိုးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပြီး ဆီးကျောက်မတည်အောင် ကာကွယ်ပေးပါတယ်။

(၇) ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်
အုန်းရေမှာ ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးနဲ့ ဆဲလ်တွေကြား ရေဓာတ်ကို ဟန်ချက်ညီမျှစေပြီး ကိုယ်ခန္ဓာထဲက အရည်ဓာတ်ကို ထိန်းညှိပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top