Healthy Life Ad
Health Tips

နွေရာသီတွင် အုန်းရေ သောက်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

စူး ၊ (ဆေးဝါးတက္ကသိုလ်)

နွေရာသီမှာ အချိုရည်တွေ သောက်မယ့် အစား အုန်းရေအေးအေးလေး တစ်ခွက်ကို သောက်ပေးသင့်ပါတယ်။ အုန်းရေသောက်ရင် ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိစေပါတယ်။

(၁) သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ခြင်း

အုန်းရေသောက်တာကြောင့် နှလုံးသွေးကြော စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားကို ပုံမှန်ရှိအောင် ထိန်းချုပ်ပေးပါတယ်။

(၂) ကိုယ်အလေးချိန်ကျစေခြင်း

အုန်းရေမှာ အဆီနဲ့ ကယ်လိုရီ ပါဝင်မှု လျော့နည်းတဲ့အတွက် နွေရာသီမှာ သောက်သင့်တဲ့ အရည်ပါ။ ပူပြင်းလို့ အေးမြချင်ရင် ဆော်ဒါအချိုရည်နဲ့ သကြားပါဝင်မှုများတဲ့ ဖျော်ရည်တွေ သောက်မယ့်အစား အုန်းရေ သောက်ပေးပါ။

(၃) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း

အုန်းရေသောက်တာကြောင့် ခန္ဓာကိုယ်ကနေ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ အုန်းရေကို ပုံမှန် သောက်ပေးရင် ကိုယ်ခံအားစနစ်ကို ပိုမိုသန်စွမ်းစေပါတယ်။ အုန်းရေသောက်တဲ့ အတွက် ခန္ဓာကိုယ်မှာ ဖောလိတ်ဓာတ်၊ နိုင်ယာစင်ဓာတ်၊ ပိုင်ရီဒိုဇင်း၊ သိုင်ယာမင်း၊ ဇင့် (သွပ်)ဓာတ်၊ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ သံ ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တို့ ပါဝင်ပါတယ်။

(၄) ကျောက်ကပ် လုပ်ငန်းဆောင်တာ အားကောင်းစေခြင်း

အုန်းရေမှာ ဆီးသွားစေတဲ့ အစွမ်းရှိပြီး ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။ ဒါ့အပြင် ကျောက်ကပ်ကနေ အညစ်အကြေး တွေကို ကောင်းကောင်း စွန့်ထုတ်ပေးနိုင်ပါတယ်။ အုန်းရေမှာ သတ္တုဓာတ်များများနဲ့ ပိုးသတ်အာနိသင် ပါဝင်တဲ့အတွက် ဆီးကျောက်တည်တာနဲ့ ဆီး လမ်းကြောင်း ပိုးဝင်တာတွေကို သက်သာစေပါ တယ်။

(၅) အစာခြေလမ်းကြောင်းစနစ်ကို မြင့်တက်စေခြင်း

အုန်းရေသောက်တာကြောင့် ရင်ပူတဲ့ဝေဒနာ၊ အက်ဆစ်ဆန်တက်တဲ့ ဝေဒနာနဲ့ ဗိုက်အောင့်တာတွေကို သက်သာစေပါတယ်။ အမျှင်ဓာတ် ပါဝင်တဲ့အတွက် အူလမ်းကြောင်း ထဲက စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်မှု မြန်ဆန် စေပါတယ်။ အုန်းရေ သောက်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။

(၆) အသားအရေ လှပစေခြင်း

အုန်းရေမှာပါတဲ့ ဘက်တီးရီးယား တွန်းလှန်နိုင်စွမ်းဟာ ဝက်ခြံအဖုအပိမ့်တွေကို ကင်းစင်စေပါတယ်။ အုန်းရေကို မျက်နှာပေါ်က အဖုအပိမ့် အပြစ် အနာအဆာတွေပေါ် သုတ်လိမ်းပြီး တစ်ညတာ ထားပေးပါ။ အသားအရေ ထိခိုက်အိုမင်းမှုကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top