Healthy Life Ad
Health Tips

ဗိုက်ထဲအစာမရှိချိန် မလုပ်သင့်သည့် အရာ ၉ မျိုး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဗိုက်ထဲအစာမရှိချိန်မှာ အောက်ပါအချက်တွေကို တတ်နိုင်သမျှဆင်ခြင်သင့်ပါတယ်။

(၁) ရောင်ရမ်းမှုတား ဆေးဝါး မှီဝဲခြင်း
အက်စ်ပရင်၊ ပါရာစီတမောနဲ့ တခြား NS­AIDs လိုဆေးဝါးတွေကိုအစာမရှိချိန် မသောက်သင့်ပါဘူး။ ဆေးကြောင့် အစာအိမ်သွေးယိုတာလို မျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကိုဖြစ် စေနိုင်ပါတယ်။

အကြံပြုချက်။ ။ နွားနို့နဲ့သောက်ရင် NSAIDs ရဲ့ ဘေးထွက်ဆိုးကျိုးကိုလျော့ကျစေပါတယ်။

(၂) ကော်ဖီသောက်ခြင်း
ဗိုက်ထဲအစာမရှိချိန် ကော်ဖီသောက်တာက အက်စစ်အထွက်နှုန်းတိုးစေပြီး ရင်ပူတာနဲ့ တခြား အစာခြေလမ်းကြောင်းဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်ပြီး ဘာအစာမှ မစားရင် ဆီရိုတိုနင်ချို့တဲ့မှုဖြစ်စေပြီး တစ်နေ့လုံး စိတ်ခံစားမှု လျော့ကျစေပါတယ်။

အကြံပြုချက် ။ ။ မနက်ခင်း စောစောကော်ဖီသောက်တာကို ရှောင်ပြီး နွားနို့သောက်ပါ။

(၃) အရက်သောက်ခြင်း
အစာမစားဘဲ အရက်သောက်တာကြောင့် အယ်လ်ကိုဟောစုပ်ယူနှုန်းကို နှစ်ဆမြင့်တက်စေပြီး အရက်နာကျဝေဒနာကို ပိုဆိုးစေပါတယ်။
အကြံပြုချက် ။ ။ အရက်ကို မသောက်ရင်အကောင်းဆုံးပါ။ မနေနိုင်လို့ အရက်သောက်မယ်ဆိုရင် အရင်ဆုံး ဆင်းဒဝှစ်ရှ်တစ်ချပ်လောက်ဖြစ်ဖြစ် စားပြီးမှ အသင့်အတင့်သာသောက်ပါ။

(၄) ပီကေဝါးခြင်
ပီကေဝါးနေချိန်ထွက်လာတဲ့ အစာခြေအက်စစ်တွေက အစာအိမ်နံရံကို ထိခိုက်စေပြီး သွားဖုံးကို လှုံ့ဆော်ကာ အစာအိမ်ရောင်ရမ်းနိုင်ပါတယ်။

အကြံပြုချက် ။ ။ ပီကေမှာသကြားပါတဲ့ အမျိုးအစားထက် သဘာဝအချိုတု(xylitol,sorbitol)တို့ပါတဲ့ အမျိုးအစားကိုရွေးချယ်ပါ။ စားပြီး ဗိုက်ပြည့်ရင်တောင် ၁၀မိနစ်ကျော်ကြာတဲ့အထိ ပီကေမဝါးပါနဲ့။

(၅) အိပ်ရာဝင်ခြင်း
ဗိုက်ဆာနေတဲ့အချိန်မှာ ဂလူးကို့စ်အဆင့်ကျနေတဲ့အတွက် အိပ်ရာဝင်လိုက်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ဆာလောင်မှုဟော်မုန်းတွေကို မြင့်တက်စေပါတယ်။

အကြံပြုချက်။ ။ မအိပ်ခင် အစာစားတာလည်း မသင့်တော်ပါ။ အကောင်းဆုံးက ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါတဲ့နို့နဲ့နို့ထွက်ပစ္စည်း မှီဝဲဖို့ပဲဖြစ်ပါတယ်။

(၆) လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်း
ဗိုက်ထဲအဆာမရှိချိန် လေ့ကျင့်ခန်းလုပ်တာက ကယ်လိုရီများများလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါပေမဲ့ အဆီမကျဘဲ ကြွက်သားထုထည်လျော့ကျစေနိုင်တာပါ။ စွမ်းအင်လည်း လျော့နည်းတတ်ပါတယ်။
အကြံပြုချက် ။ ။ လေ့ကျင့်ခန်းမလုပ်ခင် နာရီဝက်အလိုမှာ သရေစာနည်းနည်းစားပါ။

(၇) ဈေးဝယ်ထွက်ခြင်း
ဈေးဝယ်ထွက်တဲ့အခါ ဗိုက်ဆာနေရင်လိုအပ်တာထက်ပိုပြီး ဝယ်မိသွားနိုင်ပါတယ်။ ဒါကြောင့် အစာနည်းနည်းစားပြီးမှ ဈေးဝယ်ထွက်ပါ။
အကြံပြုချက် ။ ။ ဈေးစာရင်းကို ကြိုတင်ရေးထားပြီး ဝယ်ရင်လိုအပ်တာပဲ ဝယ်မိနိုင်ပါတယ်။

(၈) အချဉ်အရသာရှိသော ဖျော်ရည်များသောက် သုံးခြင်း
အချဉ်အရသာရှိတဲ့ သစ်သီးထဲမှာ အက်စစ်နဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် အစာမရှိချိန်မှီဝဲရင် အစာအိမ်ရောင်တတ်ပါတယ်။
အကြံပြုချက် ။ ။ အစာမရှိချိန်မှာ ချဉ်တဲ့ အသီးအနှံဖျော်ရည်အစား တခြားသစ်သီးဖျော်ရည် (ဥပမာ- ထောပတ်သီးဖျော်ရည်) မှီဝဲပါ။

(၉) အငြင်းအခုန်လုပ်ခြင်း
ဗိုက်ထဲအစာမရှိချိန် အငြင်းအခုန်လုပ်တာက ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းအား လျော့ကျသွားပြီး အမှားလုပ်မိ၊ ပြောမိနိုင်ပါတယ်။
အကြံပြုချက် ။ ။ အငြင်းအခုန်မလုပ်ခင် အစာစားဖို့ အချိန်မရှိရင် ပူနွေးတဲ့အရည်(ဥပမာ-နွားနို့ဖြစ်ဖြစ်) သောက်လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top