၊ လရိပ်မေ ၊
ကိုရီးယားမင်းသမီး ပါ့ခ်မင်းယောင်က “မနက်အိပ်ရာနိုးလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ “ငါက လှပသူဖြစ်တယ်”ဆိုတာကို ရွတ်ဆိုတတ်သူပါတဲ့။ ဒါ့အပြင် သူရဲ့အသားအရေ ကြွေရောင်တောက်ပနေရတဲ့ လျှို့ဝှက်ချက်ကို ပါ့ခ်မင်းယောင်က အခုလိုပြောပြထားပါတယ်။
(၁) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
အိပ်ရေးဝ၀အိပ်တယ်။ စိတ်ခံစားမှုကောင်းတဲ့အထိ အိပ်ပါတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို များများစားသောက်ပါတယ်။ ကြက်စွပ်ပြုတ်ကိုလည်း စားလေ့ရှိသူပါ။
(၂) အသားအရေကို စနစ်တကျထိန်းပါ
ပါ့ခ်မင်းယောင်က အသားအရေထိန်းသိမ်းမှုကို စနစ်တကျလုပ်ဆောင်သူပါ။ အသားအရေကို ကောင်းကောင်းမထိန်းသိမ်းရင် အသားအရေကလည်း စိတ်ဆိုးလိမ့်မယ်၊ ဒါကြောင့် အသားအရေကို စနစ်တကျထိန်းသိမ်းတယ်လို့ ပါ့ခ်မင်းယောင်က ဆိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)