Healthy Life Ad
Health Tips

ချောင်းခြောက်ဆိုးခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ချောင်းခြောက်ဆိုးတဲ့ဝေဒနာက အချိန်အတော်များ များမှာ မသက်မသာခံစားရတဲ့ဝေဒနာပါ။ ချောင်းဆိုး တာက (၁)သလိပ်ထွက်တဲ့ ချောင်းဆိုးတာနဲ့ (၂) သလိပ် မထွက်ဘဲ ချောင်းခြောက်ဆိုးတာဆိုပြီး နှစ်မျိုးရှိပါတယ်။ ချောင်းခြောက်ဆိုးတာက ဓာတ်မတည့်မှု၊ အအေးမိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

သဘာဝဆေးနည်း (၁) ပျားရည်
ပျားရည်ရဲ့ စေးပျစ်မှုက အသက်ရှူလမ်းကြောင်း တစ်လျှောက် ဓာတ်မတည့်မှုကို ဖုံးအုပ်ပေးပြီး ချောင်း ခြောက်ဆိုးတဲ့ဝေဒနာကိုသက်သာစေပါတယ်။ ပျားရည်မှာ ဘက်တီးရီးယားဆန့်ကျင်တဲ့ အစွမ်းသတ္တိပါဝင်တာ ကြောင့် ပျားရည်ထမင်းစားဇွန်းတစ်ဇွန်းကို ရေနွေးနဲ့ ရောမွှေပြီး တစ်နေ့သုံးကြိမ်ခန့် သောက်ပေးရင် လည် ချောင်းယားယံတဲ့ ဝေဒနာကို သက်သာစေပါတယ်။

သဘာဝဆေးနည်း (၂) သံပရိုသီး
ချောင်းခြောက်ဆိုးတာသက်သာစေဖို့ သံပရိုသီးကို စမ်းသုံးကြည့်ပါ။ သံပရိုသီးရဲ့ လေးပုံတစ်ပုံကို စိတ်ပြီး ဆားနဲ့ ငရုတ်ကောင်းအနည်းငယ် ဖြူးကာ စုပ်ပေးပါ။ ဒီနည်းက ချောင်းခြောက်ဆိုးတာကို အမြန်သက်သာစေ ပါတယ်။

သဘာဝဆေးနည်း (၃) ဆားရေပလုတ် ကျင်းခြင်း
ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးတာက ချောင်းခြောက်ဆိုးတဲ့ ဝေဒနာကိုသက်သာစေပါတယ်။ အချွဲ မြှေးအပြင်ဘက်မှာ ဆားရှိနေရင် ရေစီးဆင်းမှုအားကောင်းပြီး လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုကို သက်သာစေပါတယ်။

သဘာဝဆေးနည်း (၄) အယ်လ်မွန်သစ်စေ့
အယ်လ်မွန်သစ်စေ့(Almonds)ကို စားပေးရင် လည်း ချောင်းခြောက်ဆိုးတာကို သက်သာစေပါတယ်။ လိမ္မော်ရည်တစ်ဖန်ခွက်နဲ့ အယ်လ်မွန်သစ်စေ့ အနည်းငယ်ကို ရောစားသုံးပေးရင် ချောင်းခြောက်ဆိုးတာကို သက်သာစေပါတယ်။

သဘာဝဆေးနည်း (၅) ချင်းပူစီနံအရည်
ချင်း(ဂျင်း)မှာ အချွဲပျော်စေတဲ့ အစွမ်းရှိတာကြောင့် လှီးထားတဲ့ ချင်းထမင်းစားဇွန်းသုံးဇွန်း၊ ပျားရည် အကြမ်းပန်းကန်လုံးတစ်ခွက်၊ ရေအကြမ်းပန်းကန်လုံး လေးခွက်နဲ့ ပူစီနံအမှုန့် ထမင်းစားဇွန်းတစ်ဇွန်းတို့ကိုသုံး ပြီး ချောင်းခြောက်ဆိုးတာ သက်သာအောင်ကုသနိုင်ပါတယ်။ ရေထဲမှာ ချင်းနဲ့ ပူစီနံအမှုန့်ကိုထည့်ပြီး ဆူပွက်အောင်ပြုတ်ပါ။ အအေးခံပြီး အရည်စစ်ကာ ပျားရည်ထည့်မွှေပါ။ သုံးနာရီကြာတိုင်း ထမင်းစားဇွန်း တစ်ဇွန်း သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top