Healthy Life Ad
Child

ကလေးငယ်တွေချောင်းဆိုးရင် (Baby’s Cough)

ဒေါက်တာတင့်ဆွေ

ဆရာခင်ဗျာ ကျွန်တော့်သားလေးက အခုတနေ့ကို ၆ ခါလောက် ချောင်းဆိုးနေတယ်ဆရာ။ အိမ်မှာလဲ air con ကိုတော့ ၂၇-၂၈ လောက်ပဲထားတာ၊ တနေ့လုံးတော့ ဖွင့်ပါတယ်ဆရာ။ နှာလဲမကြာမကြာ ချီတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်လေးအေးရင် ဖြစ်ပါတယ်။ ကလေးက အခု ၂ လခွဲ ရှိပါပြီဆရာ။ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးငယ်တွေချောင်းဆိုးရင် အမျိုးမျိုးစဉ်းစားရတယ်။ တခါတလေခက်တယ်။ ချောင်းဆိုးတယ်ဆိုတာ ခုခံကာကွယ်နည်းလုပ်တာဖြစ်တယ်။ Dry cough ချောင်းခြောက်ဆိုးခြင်း၊ အအေးမိတာနဲ့ အလာဂျီကြောင့်ဖြစ်မယ်။ Wet cough ချောင်းဆိုးရင်း တခုခုထွက်မယ်၊ ထွေးအန်မယ်၊ မျိုမယ်ဆိုရင် ဗက်တီးရီးယားတွေကနေ ဖြစ်စေတာ။ ကလေးအသက် (၄)လအောက်မှာ ဖြစ်ခဲတယ်။ ဖြစ်လည်း စိုးရိမ်စရာမရှိပါ။ ဆောင်းတွင်းမှာ ကလေးတွေ ချောင်းများများဆိုးတာဟာ Respiratory syncytial virus (RSV) ဗိုင်းရပ်စ်ကြောင့်ဖြစ်တာက ဆိုးတယ်။ ကလေးအသက် ၁ နှစ်ကျော်ရင် သိပ်မစိုးရိမ်ရပါ။ အအေးမိတာကြောင့် ဖြစ်ရတာများတယ်။ အလိုလိုပျောက်တယ်။

Common Cold or Flu အအေးမိခြင်းဖြစ်ရင် Stuffy or runny nose နှာရည်ယိုမယ်။ Sore throat လည်ချောင်းနာမယ်။ Dry hack အက်သံပါအောင် ချောင်းဆိုးမယ်။ တချို့မှာ နှပ်တွဲလောင်းကျနေမယ်။ ကိုယ်နည်းနည်းပူမယ်။ ရေ-အရည်များများတိုက်ပေးပါ။ နာစေပါ။ မိဘတွေကစိုးရိမ်လို့ ဆေးပေးချင်မယ်။ အမေရိကန်ကလေးဆေးပညာအသင်းကတော့ ကလေးအသက် ၆ နှစ်အောက်ကို ဆေးပေးဖို့ မတိုက်တွန်းပါ။ ဆေးကြောင့်ဘေးဖြစ်မှာ စိုးရိမ်လို့ပါ။ ကလေးအသက် ၁ နှစ်ကျော်ရင် ပျားရည်တိုက်တာ၊ Saline drops ဆားရည်ကို နှာခေါင်းထဲထည့်ပေးတာ၊ Cool-mist humidifier လေကို ရေငွေ့ဓါတ်များအောင် လုပ်ပေးတာကိုသာ လုပ်စေချင်ပါတယ်။ ကိုယ်ပူတာနဲ့ ခေါင်းကိုက်တာ သက်သာအောင် Acetaminophen ပါရာစီတမောအရည် တိုက်သင့်တယ်။ ဒါတောင် ကိုယ်အပူချိန် 100.4 F ကျော်မှသာလိုမယ်။ တုပ်ကွေးဆိုရင်တော့ ဆရာဝန်ပြပါ။

“ချောင်းဆိုးခြင်းဟာ ကလေးအသက် ၅ နှစ်အောက်တွေမှာဖြစ်တယ်။ ညအချိန်ထပြီး ချောင်းဆိုးတယ်။ (ဆောရီး)ဟောင်သံနဲ့တူတယ်။ အသက်ရှူရခက်မယ်။ အအေးမိလို့ဖြစ်တာပါ။ ဗိုင်းရပ်စ်ပိုးက လေပြွန်ကြီးကိုရောင်စေရင် ဖျံအသံလိုချောင်းဆိုးမယ်။ အသက်ရှူသွင်းရာမှာ ခက်စေမယ်။”

Croup (Barking cough) ချောင်းဆိုးခြင်းဟာ ကလေးအသက် ၅ နှစ်အောက်တွေမှာ ဖြစ်တယ်။ ညအချိန်ထပြီး ချောင်းဆိုးတယ်။ (ဆောရီး) ဟောင်သံနဲ့တူတယ်။ အသက်ရှူရခက်မယ်။ အအေးမိလို့ဖြစ်တာပါ။ ဗိုင်းရပ်စ်ပိုးက လေပြွန်ကြီးကိုရောင်စေရင် ဖျံအသံလိုချောင်းဆိုးမယ်။ အသက်ရှူသွင်းရာမှာ ခက်စေမယ်။ ကလေးကို ရေနွေးငွေ့ရှူပါစေ။ ညနေခင်းလေရှူစေတာလည်း ကောင်းတယ်။ cool-mist humidifier ကိရိယာသုံးပါ။

Pneumonia နူမိုးနီးယားဆိုတာ ဗိုင်းရပ်စ်တွေကနေရော ဗက်တီးရီးယားတွေကနေပါ ဖြစ်စေနိုင်တယ်။ အအေးမိရာကနေလည်း ဆက်ဖြစ်နိုင်တယ်။ တုပ်ကွေးကနေလည်း ဆက်ဖြစ်တယ်။ Wet and phlegmy ချောင်းအစိုဆိုးမယ်။ ချွဲထွက်မယ်။ ချွဲအရောင်အနေနဲ့ ခပ်စိမ်းစိမ်းဖြစ်နိုင်တယ်။ ဗက်တီးရီးယားကနေ ဖြစ်တာအတွက် ပိုးသေဆေးလိုတယ်။ ဆရာဝန်ပြပါ။Bronchiolitis or Asthma ပန်းနာလို လေပြွန်ငယ်လေးတွေ ရောင်ခြင်းဖြစ်ရင် ချောင်းဆိုးမယ်။ နှာရည်ယိုမယ်။ Wheezing ခေါ် အသက်ရှူသံက စီစီစီစီနဲ့ကြားရမယ်။ လေဝင်ရထွက်ရ ခက်နေလို့ဖြစ်တယ်။ မိသားစုရာဇဝင် ရှိနိုင်တယ်။ အလာဂျီရာဇဝင် ရှိနိုင်တယ်။ နှင်းခူနာရာဇဝင် ရှိနိုင်တယ်။ ကလေး ၁ နှစ်အောက်မှာဖြစ်တာက Respiratory syncytial virus (RSV) ကြောင့် ဖြစ်တာများတယ်။ ကလေးအသက် ၃ နှစ်ကျော်ရင် ဒီပိုးကနေ အအေးမိတာ အဖြစ်များတယ်။ ကိုယ်နည်းနည်းပူမယ်။ နှာရည်ယိုမယ်။ အစားပျက်မယ်။ အသက်ကို ပင့်ရှူနေရမယ်။ မအိပ်နိုင်ဖြစ်မယ်။ လေပြွန်ကျယ်ဆေးလိုတယ်။

Whooping Cough ကြက်ညှာချောင်းဆိုးဆိုတာ ဆိုးဝါးတယ်။ အသက်ကိုရန်ရှာနိုင်တယ်။ DPT ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တယ်။ ချောင်းဆိုးသံက ထူးခြားတယ်။ Whoop အသံကျယ်ပြီးမြန်တဲ့ ဟွတ်ဟွတ်သံမည်မယ်။ လျှာထွက်နေမယ်။ မျက်လုံးပြာနေမယ်။ မျက်နှာလည်းပြာနေမယ်။ Foreign Object အသက်ရှူလမ်းထဲ တခုခုဝင်လို့လည်း ချောင်းဆိုးတာရှိတယ်။ ချောင်းဆိုးသံသေးသေးနဲ့ ဖုတ်လှိုက်ဖုတ်လှိုက်နေမယ်။ အဆက်မပြတ်ဆိုးမယ်။

Most Popular

Healthy Life Ad
To Top