Healthy Life Ad
Health Tips

အအေးမိ၊ တုပ်ကွေးဖြစ်ပြီး ကျန်ခဲ့သော ချောင်းဆိုးဝေဒနာ

—–၊ ပါမောက္ခဒေါက်တာမောင်မောင်ခိုင် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. အအေးမိ၊ တုပ်ကွေးဖြစ်တဲ့အခါ တချို့လူတွေမှာ ချောင်းဆိုးတဲ့ဝေဒနာ ကျန်ခဲ့ပါတယ်။ တချို့မှာတော့ မကျန်ခဲ့ပါဘူး။ အဲဒါ ဘာကြောင့်ဖြစ်ရတာပါလဲ။

A. ပုံမှန်က အအေးမိ၊ တုပ်ကွေးဖြစ်ရင် နှာရည်ကျတတ်တယ်။ နှာရည်ကျတာက ဗိုင်းရပ်စ်ပိုးဝင်လို့ ဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးဝင်တာက ပုံမှန်အားဖြင့် တစ်ပတ်- ၁၀ ရက်ဆိုရင် ခန္ဓာကိုယ်က ခုခံအားကောင်းလာတဲ့အခါ ပျောက်သွားပါတယ်။ ပျောက်သွားရင် ရောဂါလက္ခဏာမကျန်ဘဲနဲ့ ဘာချောင်းဆိုးတာမှ မရှိတတ်ပါဘူး။ ဒါပေမဲ့ တချို့လူတွေကျ နှာစေး၊ အအေးမိရင် ထိပ်ကပ်နာလို့ခေါ်တဲ့ sinusitis ဘက် ကို ရောက်သွားပါတယ်။ ရောက်သွားရင် Sinus လို့ခေါ်တဲ့ လေအိတ်တွေက ရောင်ပါတယ်။ ရောင်တဲ့အခါ လေအိတ်ထဲမှာရှိတဲ့ အရေပြားလေးက အရည်တွေထွက်လာတယ်။ အဲဒီအရည်တွေက လည်ပင်းကို ယားစေပါတယ်။ အဲဒီအရည်တွေက လည်ပင်းကို စီးကျတဲ့အခါ လည်ပင်းယားပြီး ချောင်းဆိုးကျန်ခဲ့ပါတယ်။ အဲဒီလိုချောင်းဆိုးကျန်ရင် ထိပ်ကပ်နာကို သေချာကုမှ ချောင်းဆိုးတာလည်း သက်သာသွားမှာပါ။ ပြောရပြီဆိုရင် ဗိုင်းရပ်စ်ပိုးဝင်တာ တစ်ခုတည်းမကတော့ဘူး၊ ထိပ်ကပ်နာပါတွဲပြီး ဖြစ်လာတာဆိုတော့ လည်ပင်းယားပြီး ချောင်းဆိုးတာဖြစ်လာတာပါ။

“တချို့လူတွေကျ နှာစေး၊ အအေးမိရင် ထိပ်ကပ်နာလို့ခေါ်တဲ့ Sinusitis ဘက်ကို ရောက်သွားပါတယ်။ ရောက်သွားရင် Sinus လို့ခေါ်တဲ့ လေအိတ်တွေက ရောင်ပါတယ်။ ရောင်တဲ့အခါ လေအိတ်ထဲမှာရှိတဲ့ အရာလေးက အရည်တွေထွက်လာတယ်။ အဲဒီအရည်တွေက လည်ပင်းကို ယားစေပါတယ်။ အဲဒီအရည်တွေက လည်ပင်းကို စီးကျတဲ့အခါ လည်ပင်းယားပြီး ချောင်းဆိုးကျန်ခဲ့ပါတယ်။ အဲဒီလိုချောင်းဆိုးကျန်ရင်” . . .

Q. အဲဒီအချိန်မှာ ချောင်းဆိုးပျောက်ဆေး သောက်လိုက်ရုံနဲ့ မကောင်းနိုင်ဘူးပေါ့နော် ဆရာ။

A. ချောင်းဆိုးပျောက်ဆေးတွေက ယာယီသက်သာစေပါတယ်။ လည်ပင်းမှာ Soothing Effect လို့ခေါ်တဲ့ လည်ပင်းချောမွေ့စေတယ်၊ အယားသက်သာစေပါတယ်။ ဒါကတော့ ရောဂါကို သက်သာစေတာ မဟုတ်ဘူး၊ ဆေးသောက်လိုက်တဲ့အခါ ပူဆင်းပြီး ချောင်းဆိုးတဲ့လက္ခဏာကို ခဏသက်သာစေတာဖြစ်ပါတယ်။ ပြီးရင်တော့ ချောင်းဆိုးတာကို ပြန်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် မူလပင်မရောဂါဖြစ်တဲ့ ထိပ်ကပ်နာကို ကုမှသာ ပျောက်မှာပါ။

Q. အဲဒီလိုဖြစ်တဲ့အခါ အစားအသောက်ကိုကော ဘယ်လိုရွေးချယ်စားသောက်ပေးသင့်ပါသလဲဆရာ။

A. ပုံမှန်ကတော့ ရာသီတုပ်ကွေးဖြစ်တဲ့အခါ အစားအသောက်အနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားသောက်ပေးရင် မြန်မြန်နာလန်ထစေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top