Healthy Life Ad
Health Tips

ချောင်းဆိုးနေသလား…

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ချောင်းဆိုးတာက လည်ချောင်းကနေ အချွဲ ဒါမှမဟုတ် ပြင်ပလှုံ့ဆော်တဲ့ ယားယံမှုတွေကို ရှင်းထုတ်တဲ့ သဘာဝတုံ့ပြန်မှုတစ်ခုပါ။ ချောင်းဆိုးတာက သုံးပတ်အောက် ဖြစ်တယ်ဆိုရင် ဒါကို ရေတိုချောင်းဆိုးတယ်လို့ ခေါ်ပါတယ်။ သုံးပတ်နဲ့ ရှစ်ပတ်ကြား ချောင်းဆိုးတာကို အလယ်အလတ် ချောင်းဆိုးတယ်လို့ ခေါ်ပါတယ်။ သီတင်းပတ် ရှစ်ပတ်ကျော်ကြာ ချောင်းဆိုးတာကို နာတာရှည်ချောင်းဆိုးတယ်လို့ ခေါ်ပါတယ်။ ချောင်းဆိုးဝေဒနာ အများစုက သီတင်းပတ်နှစ်ပတ်အတွင်း အလိုလို သက်သာသွားနိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးလို့ သွေးပါရင် ဒါမှမဟုတ် ချောင်းခြောက်ဆိုးရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လည်ချောင်းရှင်းခြင်း

ချောင်းဆိုးတဲ့အခါ လည်ချောင်းရှင်းရတာ သဘာဝပါ။ အသက်ရှူလမ်းကြောင်းမှာ အချွဲ ဒါမှမဟုတ် ဆေးလိပ်ငွေ့၊ ဖုန်မှုန့် စတဲ့ ပြင်ပပစ္စည်းတွေနဲ့ ပိတ်ဆို့တဲ့အခါ အသက်ရှူရလွယ်ကူစေဖို့ ဒီအမှုန်အမွှားနဲ့ အချွဲတွေကို ရှင်းထုတ်တဲ့ဖြစ်စဉ်ကို ချောင်းဆိုးတယ်လို့ ခေါ်ပါတယ်။

ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများ

ချောင်းဆိုးရတဲ့ အဓိက အကြောင်းရင်းတစ်ခုက အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာတို့လို အသက်ရှူလမ်းကြောင်း ပိုးဝင်တာကြောင့် ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဖြစ်လေ့ရှိပြီး ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်အတွင်း သက်သာသွားတတ်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက ချောင်းဆိုးဝေဒနာ ဖြစ်စေတဲ့ ဒုတိယအကြောင်းရင်း တစ်ခုပါ။ ဆေးလိပ်သောက်တဲ့အခါ ဖြစ်တတ်တဲ့ ချောင်းဆိုးတာက နာတာရှည် ဖြစ်တတ်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါ

ကလေးငယ်တွေ ချောင်းဆိုးရတဲ့ အကြောင်းရင်းတစ်ခုက ပန်းနာရင်ကျပ်ရောဂါကြောင့် ဖြစ်ပါတယ်။

အခြားအခြေအနေများ

ချောင်းဆိုးစေတဲ့ တခြားအခြေအနေတွေကတော့ အသံကြိုးထိခိုက်တာ၊ နမိုးနီးယားလို ဘက်တီးရီးယားပိုးဝင်တာ၊ ကြက်ညှာချောင်းဆိုးရောဂါနဲ့ အဆုတ်ရောဂါဝေဒနာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

ဆေးဝါးများ

တချို့ဆေးတွေကြောင့် ချောင်းဆိုးတဲ့ ဘေးထွက်ဆိုးကျိုး ရတတ်ပါတယ်။

ချောင်းဆိုးသက်သာစေမည့် အိမ်တွင်းကုထုံးများ

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ချောင်းဆိုးဝေဒနာကို ပဋိဇီဝပိုးသတ်ဆေးနဲ့ မကုသနိုင်ပါဘူး။ အောက်ပါနည်းတွေနဲ့ သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။

(၁) ရေများများသောက်ပါ။

(၂) အိပ်တဲ့အခါ ခေါင်းအောက်မှာ ခေါင်းအုံးအပိုထားပြီး အိပ်စက်ပါ။

(၃) ဆားရေနွေးနွေးကို အာလုတ်ကျင်းပေးပါ။ လည်ချောင်းဝေဒနာသက်သာပြီး အချွဲကင်းစေပါတယ်။

(၄) ချောင်းဆိုးဝေဒနာ သက်သာစေဖို့နဲ့ အသက်ရှူလမ်းကြောင်း ရှင်းလင်းစေဖို့ ရေနွေးကြမ်းထဲကို ချင်း(ဂျင်း) ဒါမှမဟုတ် ပျားရည်ထည့်ပြီး သောက်ပါ။

(၅) ချောင်းဆိုးပျောက်ဆေးသောက်ပါ။

(Ref;healthline)

Most Popular

Healthy Life Ad
To Top