Healthy Life Ad
Women

ကိုယ်လုံးကိုယ်ပေါက်လှပသည့် ကန်ဆိုးရာ၏ စည်းမျဉ်းသုံးရပ်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီး ကန်ဆိုးရာက သူရဲ့ ပြစ်မျိုးမှဲ့မထင်လှပတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ အရေးပါတဲ့ စည်းမျဉ်းသုံးရပ်ကို လိုက်နာပါသတဲ့။

စည်းမျဉ်း (၁) ညဉ့်နက်မှ အစာမစားသင့်

ကန်ဆိုးရာကညဉ့်နက်ချိန်မှာ အစာကို ဘယ်တော့မှ စားလေ့မရှိဘူးလို့ ဆိုပါတယ်။ တကယ်လို့ အလုပ်များလို့ ညဉ့်နက်မှအစာစားဖြစ်ရင် အဆီမတက်မယ့် သရေစာလေးပဲစားပြီး လေ့ကျင့်ခန်းကို ပေါ့ပေါ့ပါးပါးလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ညစာစားချိန်နဲ့ အိပ်ချိန်ကို အချိန်လေးနာရီလောက် ခြားထားလေ့ရှိသူပါ။

စည်းမျဉ်း (၂) အပျင်းကြီးပြီး မထိုင်နှင့်

ကန်ဆိုးရာက အထိုင်များပြီး ငြိမ်ငြိမ်နေရတာကို သဘောကျပေမယ့် စောင့်နေရတဲ့အချိန်တွေမှာတောင် ဆွဲဆန့်လေ့ကျင့်ခန်း၊ အကြောလျှော့လေ့ကျင့်ခန်းကို လုပ်တတ်သူပါ။

စည်းမျဉ်း (၃) တစ်နေ့ သုံးကြိမ်စားပါ

နံနက်စာ၊ နေ့လယ်စာနဲ့ ညစာထဲက တစ်နပ်ကို မစားဘဲနေရင် နောက်တစ်ကြိမ်အစာစားတဲ့အခါ အလွန်အကျွံ စားဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့သုံးကြိမ်ကို နည်းနည်းစီ စားဖြစ်ပါသတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top