Healthy Life Ad
Health Tips

သင့်ကိုယ်တွင်းအဆီ လောင်ကျွမ်းအောင် ကူညီပေးမယ့်အစာ ၉ မျိုး

စူး (ဆေးဝါးတက္ကသိုလ်)

ကိုယ်တွင်းအဆီတွေ လောင်ကျွမ်းအောင် ကူညီပေးမယ့် အစားအစာတွေ ရှိပါတယ်။ ဝိတ်လျှော့နေသူ၊ ဝိတ်လျှော့ချင်သူ၊ ဝိတ်ထိန်းချင်သူတွေအတွက် အထူးသင့်တော်တဲ့ အစာတွေပါပဲ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ အယ်လီစင်ဒြပ်ပေါင်းပါတဲ့အတွက် သွေးတွင်းအဆီနဲ့ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်မှာ ဖောလစ်အက်စစ်၊ သံဓာတ်၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်နဲ့ တခြားအာဟာရဓာတ်တွေ ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေပဲ ရရှိစေပြီး ကယ်လိုရီမဆိုစလောက်ပဲ ရပါတယ်။

ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ထောပတ်၊ အဆီမပါတဲ့ ပြောင်းဖူးပေါက်ပေါက်ကို သရေစာအနေနဲ့ စားသင့်ပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးဟာ တစ်နေ့တာကို စွမ်းအင်အဆင့်တိုးအောင် လုပ်ဆောင်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်လို့ပါပဲ။

ဂရိတ်ဖရု

ဂရိတ်ဖရုမှာ ဗီတာမင်စီ၊ ဗီတာမင်အေနဲ့ လိုင်ကိုပင်းများစွာ ပါဝင်ပြီး ရေဓာတ်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် အရည်ရွှမ်းတဲ့ သစ်သီးတွေက လူတွေကို ဗိုက်ပြည့်အောင် ကူညီပေးပါတယ်။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးဟာ သွေးတွင်းသကြားဓာတ် ပမာဏကို တည်ငြိမ်စေပြီး ဆယ်လ်မွန်ငါးမှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်က သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

ငရုတ်သီး

ငရုတ်သီးမှာ ကပ်ဆိုက်စင်ဓာတ်ပါတာကြောင့် ပူစပ်တဲ့အရသာ ဖြစ်စေသလို သင့်ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းအောင် လှုံ့ဆော်ပေးနေပါတယ်။

အုတ်ဂျုံမှုန့် (Oat)

အုတ်ဂျုံမှုန့်တွေမှာ ပျော်ဝင်အမျှင်ဓာတ်နဲ့ ပရိုတင်းပါဝင်မှုများတာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ ဒီအမျှင်ဓာတ်က ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်နည်းအောင် ကူညီပေးနေပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်ဆီယမ်နဲ့ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကြေညက်စေပါတယ်။ ဒါကြောင့် သင်စားနိုင်သလောက် စားလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top