Healthy Life Ad
Health Tips

ဆန်ဖြူအစားဆန်လုံးညိုကို စားသင့်သလား

၊ ငွေစင်ကြယ်ယံ ၊

ဆန်လုံးညိုဆိုတာ အညိုရောင်ဖွဲနုကို မဖယ်ရှားဘဲလုပ်ထားတဲ့ဆန်ပါ။ ဒါကြောင့် ဆန်လုံးညိုကို အခွံချွတ်မထားတဲ့ ကောက်နှံစာလို့ ဆိုကြပါတယ်။ဆန်လုံးညိုက အဖြူရောင်ဆန်ထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ဒါဆိုရင် ဘာကြောင့် ဆန်ကို အဖြူဖြစ်အောင် အခွံချွတ်ကြသလဲ။ အကြောင်းကတော့ လူအများစုက ထမင်းလေး ဖွေးဖွေးဖြူနေတာကို ပိုနှစ်ခြိုက်ကြလို့ပါ။ ဒါ့အပြင် ဆန်လုံးညိုထက် အကျက်မြန်ပြီး ပိုနူးညံ့မှုရှိတာကြောင့် ဖြစ်ပါတယ်။

ဆန်လုံးညိုမှာ အဖြူရောင်ဆန်ထက် အမျှင်ဓာတ်ပိုမို ပါဝင်နေပါတယ်။ အညိုရောင်ထမင်းတစ်ခွက်မှာ အမျှင်ဓာတ် သုံးဂရမ်ခွဲပါဝင်ပေမယ့် အဖြူ ရောင်ထမင်းကတော့ အမျှင်ဓာတ် တစ်ဂရမ်တောင် မရှိချင်ပါဘူး။ ကျွန်မတို့က တစ်နေ့မှာ အမျှင်ဓာတ် ၂၅-၃၅ ဂရမ်လောက် လိုအပ်ပါတယ်။

ဆန်လုံးညိုမှာ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်နဲ့ ဇင့် (သွပ်)ဓာတ်စတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အဖြူရောင်ဆန်မှာတော့ ဆန်လုံးညိုထက် ဒီအာဟာရဓာတ်တွေ လျော့နည်းနေပါတယ်။

ထမင်းဖြူကို စားသောက်ဆိုင်ကြီးတွေမှာ တွေ့ရလေ့ရှိတာကြောင့် မဖြစ်မနေစားရလေ့ရှိပေမယ့် ဆန်လုံးညိုကိုတော့ အိမ်မှာ ချက်စားသင့်ပါတယ်။ ဆန်လုံးညိုကဆန်ဖြူထက်ချက်ဖို့ အချိန်ပိုယူရတာကြောင့် ရေကိုပိုများများထည့်ရပါတယ်။ ဆန်လုံးညိုနဲ့ ချက်တဲ့ထမင်းက ထမင်းဖြူလောက် နူးညံ့မှုမရှိတာမှန်ပေမယ့် အမျှင်ဓာတ်ပါဝင်မှုက များတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်လှပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top