Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူက ဆန်စားရမလား၊ ဂျုံစားရမလား

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေ ရောဂါအထူးကုဆရာဝန်ကြီး)ဖြေကြားပေးသည်။ ၊—–

Q. ဆီးချိုသွေးချိုရောဂါရှင်တွေက ဆန်စားရမလား၊ ဂျုံစားရမလား။ ဆန်စားလို့ရရင် ထမင်းကို ဘယ်လိုချက်စားရမလဲ ဆရာ။

A. ဆန်နဲ့ပြုလုပ်ထားတဲ့ အစားအစာတွေကို စားသုံးနေကျလူတွေက ဆီးချိုရောဂါဖြစ်လို့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေကို ပြောင်းလဲစားဖို့ မလိုအပ်ပါဘူး။ တစ်သက်လုံးလိုက်နာနိုင်မယ့် သဘာဝကျတဲ့ အမူအကျင့်တွေဖြစ်ဖို့ အရေးကြီးပါတယ်။ ဆန်ကနေဂျုံကို ပြောင်းလဲစားသောက်လိုက်တာကြောင့် ဆီးချိုထိန်းသိမ်းမှု ပိုပြီးကောင်းမလာနိုင်ပါဘူး။ ဆီးချိုရောဂါရှိသူတွေအတွက် ထမင်းချက်ပြုတ်တဲ့နည်းက အရေးမကြီးပါဘူး။ စားနေကျပမာဏကိုပဲ လျှော့သင့်တာပါ။ ရေခမ်းပဲချက်ချက်၊ ရေငှဲ့ပြီးပဲချက်ချက် မိသားစုအတွက် အရင်ချက်နေကျ ပုံစံအတိုင်း ချက်ပြုတ်စားသောက်ဖို့ပဲ လိုအပ်ပါတယ်။ မိသားစုအတွက် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ထမင်းကိုပဲ အတူစားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top