Healthy Life Ad
Q & A

ကိုယ်အလေးချိန်ထိန်းနေသူတွေက ဘယ်လိုဆန်ကို စားသင့်သလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး. ကယ်လိုရီထိန်းချုပ်နေတဲ့သူတွေအတွက် ဘယ်လိုဆန်အမျိုးအစားကို ရွေးချယ်စားသင့်ပါသလဲ။ ပေါ်ဆန်းမွှေးစားရင် ကယ်လိုရီများများ ရရှိစေတယ်လို့ ပြောကြလို့ပါ။

ဖြေ. ဆန်အမျိုးအစားထဲမှာ ကယ်လိုရီအနည်းဆုံးကတော့ ဘာစမာတီဆန်ဖြစ်ပါတယ်။ ဆန်ထဲမှာ ကယ်လိုရီအများဆုံးကတော့ ပေါ်ဆန်းမွှေးဖြစ်ပါတယ်။ ကယ်လိုရီထိန်းချုပ်ချင်တယ်ဆိုရင် ဘာစမာတီဆန်ကို စားလို့ရတယ်။ အဲဒါမစားချင်ရင် ဘာစမာတီဆန်စားမယ့်အစား ပေါ်ဆန်းမွှေးကိုပဲ ရေငှဲ့ချက်လိုက်ပါ။ ထမင်းရည်ကို ကယ်လိုရီနဲ့ ဗီတာမင်အာဟာရဓာတ်တွေ လိုအပ်နေတဲ့ အဘိုးအဘွား သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို တိုက်သင့်ပါတယ်။ ကယ်လိုရီထိန်းချုပ်နေတဲ့ လူငယ်လူရွယ်နဲ့ သက်လတ်တန်းစားတွေကတော့ ပေါ်ဆန်းမွှေးကို ရေငှဲ့ချက်ပြီးစားမယ်ဆိုရင် ကယ်လိုရီရရှိမှု နည်းသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top