Healthy Life Ad
Q & A

ဆန်ဆေးရည် သောက်သင့်သလား . . .

မေး. Facebook မှာ ဖတ်လိုက်ရတာက ဆန်ဆေးရည်သောက်ရင် အာဟာရဓာတ်ရပါတယ်တဲ့။ တကယ်ပဲ ဆန်ဆေးရည် သောက်သင့်ပါသလား။
လမင်းငယ်(FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆန်ဆေးရည်မှာ ဗီတာမင်ဘီဝမ်းပဲ ပါပါတယ်။ ဆန်ဆေးရည်ကို ဒီအတိုင်း သောက်တာကိုတော့ ဆရာမတို့က အားမပေးပါဘူး။ ပိုးပါနိုင်ပါတယ်။ ဆန်ဆေးရည်က ကြာသွားတဲ့အခါ အချဉ်ဓာတ်ပေါက်သွားရင် ဝမ်းလျှောဖို့ပဲရှိပါတယ်။ သောက်ချင်တယ်ဆိုရင် ဆန်ဆေးရည်အစား ထမင်းရည်သောက်သင့်ပါတယ်။ ထမင်းရည်ဆိုရင် ကယ်လိုရီလည်းရသလို ဗီတာမင်ဘီဝမ်းလည်း ပါဝင်မှုရှိပါတယ်။ အရသာရှိအောင် ထမင်းရည်ကို နို့မှုန့် ရောသောက်တာ၊ ဆားအနည်းငယ်ခတ်သောက်တာတို့ လုပ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top