Healthy Life Ad
International

အယ်လ်ဇိုင်းမားကုဆေးနဲ့ ပျက်စီးသွားတဲ့ သွားတွေသဘာဝအတိုင်း ပြန်ကောင်းအောင်ပြုလုပ်နိုင်ကြောင်းတွေ့ရှိ

၊ မိုးမင်းထွန်း ၊

ကင်းကောလိပ်လန်ဒန်မှ သုတေသီတွေက အယ်လ်ဇိုင်းမားဆေး တစ်မျိုးဟာ သွားပေါက်တွေ ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ သွားရိုးမျှင်တစ်သျှူး တွေပေါ်ပေါက်အောင် သွားတွေကို လှုံ့ဆော်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။

ဦးဆောင်သုတေသီ ပါမောက္ခ ပေါလ်ရှာ့ပ်က သွားတစ်ချောင်း ပျက်စီးရင် ဒါမှမဟုတ် သွားပိုးစားလာခဲ့ရင် နူးညံ့တဲ့အတွင်းပိုင်းသွားနှစ်လွှာ (Pulp) ပေါ်လာကာ နောက်ထပ်ကူးစက်မှုအန္တရာယ် ရှိလာတတ်တယ်လို့ ပြောပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သွားရိုးမျှင်တစ်သျှူးတွေက သွားနှစ်လွှာတွေကို ဖုံးအုပ် ကာကွယ်တဲ့အလုပ်ကို ပြုလုပ်ပေးတတ်ကြောင်း ရှင်းပြပါတယ်။ ဒီသဘာဝအလျောက်ပြုပြင်တဲ့စနစ်ဟာ အယ်လ်ဇိုင်းမားကုဆေးတစ်မျိုးဖြစ်တဲ့ Tideglusib သုံးတဲ့အခါ ပိုမိုမြန်ဆန်လာတာကို တွေ့ရှိရကြောင်း ပြောကြားပါတယ်။ ဆေးက သွားရိုးမျှင်တစ်သျှူးအသစ်တွေဖြစ်ပေါ်အောင် သွားနှစ်လွှာတွေမှာ တည်ရှိပြီးသား ပင်မဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
တွေ့ရှိမှုအသစ်က လူနာတွေအတွက် သဘာဝအတိုင်းသွားပြုပြင်မှုကို ဖြစ်ပေါ်စေပြီးသမား ရိုးကျသွားဖာတဲ့နည်းလမ်းကို လျှော့ချအစားထိုးနိုင်လိမ့်မယ်လို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။

(Ref;ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top