Healthy Life Ad
Men

ရာသီတုပ်ကွေး ကင်းစင်ဖို့ လူတိုင်း တက်ညီလက်ညီ ပါဝင်လိုက်နာနိုင်မည့် နည်းလမ်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

တုပ်ကွေးရောဂါလက္ခဏာတွေက ဖျားတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ ခေါင်းကိုက်တာ၊ ကိုယ် လက်ကိုက်ခဲတာ၊ နုံးခွေတာ စတာတွေ ဖြစ်ပါတယ်။ တုပ်ကွေးရောဂါပိုးက လေထဲကတစ်ဆင့် အသက်ရှူ လမ်းကြောင်းတွင်း ဝင်ရောက်ပြီး တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီ၊ လူ နေထူထပ်တဲ့ ရုံးအဆောက်အဦတွေမှာ

(၁) တစ်ကိုယ်ရည်သန့်ရှင်းရေးကို သတိပြုဆောင်ရွက်ရပါမယ်။ အထူးသဖြင့် လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောရပါမယ်။

(၂) နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ပြီး လက်ကိုင်ပဝါ၊ တစ်ရှူးနဲ့ တစ်ခါသုံး နှာခေါင်းစည်း အသုံးပြုရပါမယ်။
နှာချေ၊ ချောင်းဆိုးရာမှာ အသုံးပြုထားတဲ့ လက်ကိုင်ပဝါ၊ တစ်ရှူးနဲ့ တစ်ခါသုံးနှာခေါင်းစည်းတွေကို ပလတ်စတစ်အိတ်ထဲ အလုံပိတ်ပြီး စနစ်တကျ စွန့်ပစ်ရပါမယ်။

(၃) လုပ်ငန်းခွန်ပတ်ဝန်းကျင် သန့်ရှင်းအောင် ဆောင်ရွက်ရပါမယ်။ အထူးသဖြင့် လေဝင်လေထွက် ကောင်းမွန်အောင် လုပ်ဆောင်ရပါမယ်။

(၄) လူထူထပ်တဲ့ နေရာတွေကို တတ်နိုင်သမျှ မသွားသင့်ပါဘူး။ အထူးသဖြင့် နှာစေး၊ ချောင်းဆိုး နာမကျန်းဖြစ်နေသူတွေနဲ့ ခပ်ဝေးဝေးမှာ ရှောင်နေသင့်ပါတယ်။

(၅) ဖျားရင် အနားယူပါ၊ အထူးသဖြင့် တုပ်ကွေးရောဂါလက္ခဏာလို့ သံသယရှိရင် တခြားသူတွေဆီ ကူးစက်ပြန့်ပွားမှု မရှိအောင် နှာခေါင်းစည်း တပ်ပြီး ဆေးကုသမှု ခံယူပါ။

(၆) အပြင်က ပြန်လာရင် ခြေ၊ လက်ဆေးကြော ဖို့၊ အဝတ်အစားလဲဖို့နဲ့ လက်မဆေးဘဲ မျက်နှာ၊ နှာခေါင်းနဲ့ မျက်စိတွေကို ပွတ်သပ်ခြင်းမပြုလုပ်ဖို့ လိုအပ်ပါတယ်။

(၇) ကိုယ်ခံအားကောင်းအောင် အစားအသောက်တွေကို အာဟာရပြည့်ပြည့်ဝ၀ရရှိအောင် စားသောက်ပါ။

(၈) ရိုးရိုးနှာခေါင်းစည်းသုံးရမလား၊ N95 နှာခေါင်းစည်းသုံးရမလား
jamanetwork.com မှာ ဖော်ပြထားတဲ့Surgical Mask vs N95 Respirator for Preventing Influenza Among Health Care Workers စာတမ်းအရ သူနာပြုဆရာမ ၄၀ဝ ကျော်ကို တစ်ဝက်စီခွဲပြီး ရိုးရိုးနှာခေါင်းစည်း သုံးတာနဲ့ N95 လို့ခေါ်တဲ့ နှာခေါင်းစည်းအထူကို အသုံးပြုခိုင်း ခဲ့တဲ့အခါ တုပ်ကွေးရောဂါကာကွယ်နိုင်မှုကို နှိုင်း ယှဉ်ခဲ့တဲ့အခါ အဖြေအရ ရိုးရိုးနှာခေါင်းစည်း အသုံးပြုတာကလည်း ရောဂါကာကွယ်နိုင်မှုမှာ အတူတူပဲ လို့သိရပါတယ်။

တကယ်တမ်းတော့ တုပ်ကွေးပိုးက droplet လို့ခေါ်တဲ့ နှာစေး၊ ချောင်းဆိုးရာက ထွက်လာတဲ့ အ မှုန်အမွှားလေးတွေက ကူးတာဖြစ်လို့ ရိုးရိုးနှာခေါင်း စည်းအသုံးပြုပြီး လက်ကိုစနစ်တကျဆေးတဲ့သူတွေမှာ ရောဂါကူးစက်နိုင်ခြေနည်းတာပါ။
အထူးသဖြင့် နှာစေး၊ ချောင်းဆိုးသူတွေက ကိုယ့်ဆီကရောဂါပိုး သူများဆီမကူးဖို့ နှာခေါင်းစည်း တပ်ထားဖို့လိုပါတယ်၊

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top