Healthy Life Ad
Health Tips

သွားပိုးစားခြင်းကို ကာကွယ်နိုင်မည့် အိမ်တွင်းကုထုံးများ

သွားပိုးစားတာက ကလေး၊ ဆယ်ကျောသက်တွေသာမက အရွယ်ရောက်သူတွေမှာတောင် ဖြစ်တတ်ပါတယ်။ ခံတွင်းကျန်းမာရေး ထိန်းသိမ်းမှုမကောင်းတဲ့အတွက် သွားပိုးစားတာ ဖြစ်နိုင်သလို စားတဲ့ အစာတွေနဲ့ စားကြွင်းစားကျန်တွေကြောင့်လည်း သွားကိုက်တာ၊ သွားပိုးပေါက်ဖြစ်တာ၊ သွားကျဉ်တာနဲ့ သွားမှာ အစွန်းအထင်းပေါ်တာတို့ ဖြစ်တတ်ပါတယ်။ သွားပိုးစားတာမဖြစ်အောင်နဲ့ သွားပိုးစားနေစဉ် ပိုမဆိုးအောင် ကာကွယ်နိုင်မယ့် အိမ်တွင်းနည်းတွေကို မျှဝေလိုက်ပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပိုးသတ်အစွမ်းနဲ့ ပဋိဇီဝပိုးသတ်ဆေးအစွမ်းရှိပြီး သွားပိုးစားတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အနာကျက်စေတဲ့အတွက် သွားနာတာကို သက်သာစေပါတယ်။
ပြုလုပ်ရမယ့်နည်းက ကြက်သွန်ဖြူသုံး-လေးမြွှာကိုထောင်းပြီး ဆားလက်ဖက်စားဇွန်း လေးပုံတစ်ပုံနဲ့ ရောမွှေကာ ကိုက်နေတဲ့ သွားပေါ် အုပ်ပေးပါ။ ၁၀-၂၀ မိနစ်ကြာမှ ရေနဲ့ ဆေးပါ။ ခံတွင်းသန့်ဆေးရည်နဲ့ ဆေးလည်းရပါတယ်။ တစ်နေ့ နှစ်ကြိမ်ပြုလုပ်ပေးပါ။

အသားစွပ်ပြုတ်
သွားပိုးစားတာနဲ့ သွားပိုးပေါက်တွေ သက်သာစေမယ့် နောက်ဖြေရှင်းနည်းတစ်ခုက ကြက်စွပ်ပြုတ် ပူပူလေးသောက်ဖို့ပဲဖြစ်ပါတယ်။ ကြက်ရိုးအစား အမဲရိုး၊ ဆိတ်ရိုးစသဖြင့် သင့်တော်ရာကို သုံးနိုင်ပြီး ဆား၊ ငရုတ်ကောင်းနဲ့ ရေထည့်သောက်ပါ။ အာဟာရဓာတ်ပါဝင်တဲ့အတွက် သွားတွေကို ခိုင်မာစေကာ သွားဖုံးကျန်းမာရေးကောင်းစေပါတယ်၊ သွားပိုးစားဝေဒနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

နနွင်းမှုန့်
နနွင်းမှုန့်က သွားပိုးစားတာကို သက်သာစေတဲ့ အိမ်တွင်းကုထုံးပါ။ နနွင်းမှုန့်မှာ ရောင်ရမ်းမှုကို ဟန့်တားတဲ့ အစွမ်းနဲ့ ဘက်တီးရီးယားသေစေတဲ့ အာနိသင်တို့ပါရှိပါတယ်။ သွားကိုက်နေရင်၊ သွားပိုးစားနေရင် အဲဒီသွားပေါ် နနွင်းမှုန့် နည်းနည်းလိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီးမှ ရေနွေးနဲ့ ပလုတ်ကျင်းပေးပါ။ ဒါမှမဟုတ် မုန်ညင်းဆီနဲ့ နနွင်းမှုန့်အနည်းငယ်ရောမွှေပြီး နာကျင်နေတဲ့သွားဖုံးနဲ့ ကိုက်နေတဲ့ သွားတွေပေါ် လိမ်းပေးကာ ၁၀ မိနစ်အကြာမှာ ရေနဲ့ ဆေးကြောလိုက်ရင်လည်း အဆင်ပြေပါတယ်။

ဆားရေ
ဆားရေကလည်ချောင်းနာတဲ့ ဝေဒနာကို သက်သာစေတာအမှန်ပါ။ ဒါ့အပြင် ဆားရေသုံးပေးရင် သွားပိုးစားတာကိုလည်း သက်သာစေပါတယ်။ ရေနွေးတစ်ဖန်ခွက်ထဲ ဆားလက်ဖက်စားဇွန်းတစ်ဇွန်း ထည့်မွှေကာ အာလုတ်ကျင်းလိုက်ပါ။ သွားတွေကြားထဲ စိမ့်ဝင်ရောက်ရှိစေပြီး သွားကိုက်တာကို သက်သာစေပါတယ်။ တစ်နေ့နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top