Healthy Life Ad
Health Tips

နားတွင်းပိုးဝင်ခြင်းမဖြစ်စေရန် ကာကွယ်မှု

နားတွင်းကူးစက်ပိုးဝင်တာက အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါတစ်မျိုးပါ။ နားထဲကို ပိုးမွှားတွေဝင်တဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးတွေက နားတွင်းပိုးဝင်မှု အဖြစ်များပါတယ်။ ဒါကြောင့်နားတွင်းကူးစက် ပိုးမဝင်အောင် အောက်ပါအချက်တွေကိုလိုက်နာပေးပါ။

– ကိုယ်တိုင်ဆေးလိပ်မသောက်ပါနဲ့၊ ဆေးလိပ်မီးခိုး၊ စီးကရက်မီးခိုးနဲ့ မထိတွေ့အောင်နေပါ။

– ဓာတ်မတည့်မှုဖြစ်တဲ့ လက္ခဏာတွေရှိရင် စောစောစီးစီးကုသမှုခံယူပါ။

– ကလေးတွေကို ကာကွယ်ဆေးပုံမှန်ထိုးပေးပါ။

– နားဖာချေးကို မိမိဘာသာမထုတ်ပါနဲ့။ နားဖာချေးတွေ ပိတ်ဆို့နေတယ်လို့ထင်ရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ထံ သွားပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top