Healthy Life Ad
International

အသက် ၅၀ အရွယ်တွင် အရပ်အမြင့် ၂၉ လက်မသာရှိသည့် အိန္ဒိယအမျိုးသား

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၅၀နှစ်အရွယ် ဘဇိုရီလာဟာ အသက် ၅ နှစ်အရွယ်ကတည်းက ကြီးထွားမှုရပ်တန့်သွားခဲ့ကာ အရပ်အမြင့် ၂၉ လက်မသာရှိပါတယ်။ ငွေကြေးမပြည့်စုံတာကြောင့် ဆရာဝန်နဲ့ တစ်ခါမှမပြဖူးဘူးလို့သိရပါတယ်။ ဒါ့ကြောင့် အရပ်အမောင်း ရှည်မလာတာနဲ့ပတ်သက်ပြီး လူတွေကြားမှာ ထူးဆန်းအံ့ဖွယ်ပဟေဠိအနေနဲ့သာ ဖြစ်မြဲဖြစ်နေခဲ့ပါတယ်။

ဘဇိုရီက အရပ်အမောင်းနဲ့ပတ်သက်ပြီး တစ်ခါမှ စိတ်ဓာတ်မကျဖူးကြောင်းပြောပြပါတယ်။ ရွာမှာနာမည်ကြီးသူတစ်ယောက်ဖြစ်နေပြီး ပြင်ပခရီးသွားတွေက သူ့ဆီကို ဝင်ရောက်ကြည့်ရှုလေ့ရှိကြပါတယ်။ အစ်ကိုဖြစ်သူမိသားစုနဲ့အတူနေထိုင်ပြီး ဒီလိုညီတစ်ယောက်ပိုင်ဆိုင်ရတာ ကံကောင်းကြောင်း အစ်ကိုဂိုပီလာကပြောပြပါတယ်။ လူတွေက ချစ်ခင်စောင့်ရှောက်ကြသလို ဘဇိုရီဟာ အကောင်းမြင်စိတ်ထားကာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ကြောင်း အစ်ကိုရဲ့ မိန်းမဖြစ်သူ ဆာတီရာကလည်းပြောပြပါတယ်။

ဘဇိုရီဟာ အနီးအနားစက်ရုံတစ်ရုံမှာ အလုပ်လုပ်ကိုင်ပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ငွေရှာဖွေပေးပါတယ်။ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘဲ အစ်ကိုမိသားစုနဲ့ နေထိုင်ရတာပျော်ရွှင်ကြောင်း ပြောပြပါတယ်။ စိတ်ချမ်းသာမှုရယ်၊ မိတ်ဆွေသူငယ်ချင်းကောင်းတွေရယ်နဲ့ အိပ်ရာမဝင်ခင် ဝီစကီတစ်ခွက်သောက်သုံးတာတို့သာရှိရင် ဘဝကပြည့်စုံပြီလို့ယူဆကြောင်း ဘဇိုရီက သူ့ဘဝဒဿနအကြောင်း ရှင်းပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top