Healthy Life Ad
Health Tips

ခေါင်းကိုက်ခြင်းအတွက် အလွယ်ကုထုံး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

– အိပ်ရာထဲ လှဲလျောင်းအိပ်စက်ပြီး ခေါင်းကိုက်တဲ့နေရာကို ရေခဲဝတ်နဲ့ အချိန် ၁၅မိနစ်ခန့် ကပ်ပေးပါ။

– ကြက်သွန်ဖြူတစ်မြွှာကို ညက်အောင်ကြိတ်ချေပြီး ပျားရည်ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။ ရလာတဲ့အရည်ကို သောက်ပေးတာကြောင့် ဦးနှောက်ရဲ့ခံစားမှုဆိုင်ရာ နေရာတွေဆီ သွားရောက်လှုံ့ဆော်ပြီး နာကျင်ကိုက်ခဲမှုသက်သာစေပါတယ်။

– အာလူးကို ခပ်ပါးပါးလှီးပြီး နားထင်ပေါ် မိနစ် ၃၀ ခန့်ကပ်ပေးပါ။

– ရေနွေးပူပူထဲ ပူဒီနာ(ပူစီနံ)ရွက်ခတ်ပြီး သောက်ပေးရင် နာကျင်မှုသက်သာစေတဲ့ အစွမ်းထက် အပန်းပြေအာနိသင်ရှိပါတယ်။ ချမိုမိုင်းလက်ဖက်ရည်ကြမ်း (Chamomile Tea) ကလည်း နာကျင်ကိုက်ခဲမသက်မသာဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

– နားထင်ကို သင့်လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံစံဖိနှိပ်ပေးရင် ခေါင်းကိုက်ဝေဒနာကို သက်သာလျော့ပါးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top