Healthy Life Ad
Health Tips

တစ်နေ့လုံး စွမ်းအားရှိဖို့ နံနက်ခင်းတွင် လုပ်ဆောင်သင့်သည့် နည်း ၇ သွယ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နေ့သစ်တစ်နေ့ကိုစတင်ဖို့ နည်းလမ်းကောင်းတွေအများကြီးရှိပါတယ်။ တချို့က နံနက်ခင်းမှာလမ်းလျှောက်ပြီး စတင်ကြသလို တချို့က တရားထိုင်ပြီး စတင်ကြပါတယ်။ တစ်နေ့လုံး စွမ်းအားအပြည့်ရှိနေစေဖို့ နေ့သစ်တစ်နေ့ကို ဘယ်လိုစတင်သင့်သလဲဆိုတာ မျှဝေလိုက်ပါတယ်။

(၁) နံနက်တိုင်းတူညီသောအချိန်တွင် အိပ်ရာထပါ

ဆိုလိုတာက နေ့တိုင်း မနက် ၆နာရီမှာ အိပ်ရာထတာမျိုးပါ။ ဒါဆိုရင် သင့်ကိုယ်တွင်း ဇီဝနရီဟန်ချက်ညီပြီး သင့်မျက်နှာက ကြည်လင်နေပါလိမ့်မယ်။ နေ့စဉ်တူညီတဲ့အချိန်မှာ အိပ်ရာဝင်၊ အိပ်ရာထတာကြောင့် ကိုယ်ရောစိတ်ပါလန်းဆန်းနေပါလိမ့်မယ်။

(၂) ရေချိုးရင်း အကြောဖြေလျှော့ပါ

ကြက်သီးနွေးရေနဲ့ ရေချိုးတာကြောင့် ကြွက်သားတွေကိုပြေလျော့စေပြီး အကြောပြေစေပါတယ်။ အဲဒီအခါ သင့်ခန္ဓာကိုယ်က တင်းအားတွေပြေလျော့ကာ နေ့သစ်တစ်ရက်စတင်ဖို့ အပန်းပြေနေပါလိမ့်မယ်။

(၃) လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ

နံနက်ခင်းမှာ လက်ဖက်စိမ်းလက်ဖက်ရည်ပူပူ တစ်ခွက်သောက်တာကြောင့် အင်တီအောက်ဆီးဒင့် အပြည့်အဝရရှိပြီး ကျန်းမာစေပါတယ်။

(၄) အဆီနည်းပြီး အမျှင်ဓာတ်များသော နံနက်စာစားပါ

နံနက်စာ ကောင်းကောင်းစားပြီး နေ့သစ်ကိုစတင်ပါ။ နံနက်စာမှာ ပရိုတင်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာတွေကိုစားပြီး စိတ်ရောကိုယ်ပါ အားအင်ပြည့်ဝနေအောင်ကြိုးစားပါ။ နံနက်စာစားတာကြောင့် သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီမျှစေကာ စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်ပါတယ်။

(၅) ကိုယ်လက်လှုပ်ရှားမှုကို အနည်းဆုံး ငါးမိနစ်ကြာလုပ်ဆောင်ပါ

ကြိုးခုန်တာ၊ ပြေးတာစတဲ့ လေ့ကျင့်နည်းတွေက ငါးမိနစ်ကြာလုပ်ပေးရုံနဲ့ သွေးလှည့်ပတ်မှုကောင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။

(၆) အရေးကြီးသော ကိစ္စများကို အာရုံစိုက်ပါ

တစ်နေ့တာလုပ်ရမယ့် ကိစ္စတွေကို နံနက်ကစပြီး အစီအစဉ်အလိုက်ရေးချထားပါ။ ဦးစားပေးလုပ်ရမယ့် အလုပ်ကစပြီး တစ်နေ့လုံး ပြီးစီးအောင်လုပ်သွားရမယ့် အလုပ်တွေကို ချရေးထားပါက ပိုပြီးအဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားပါလိမ့်မယ်။

(၇) မနေ့က တစ်နေ့တာကိုသုံးသပ်ပါ

မနေ့က တစ်နေ့လုံး ဘာတွေလုပ်ခဲ့သလဲ၊ ဘာအမှားအယွင်းဖြစ်ခဲ့သလဲ၊ ဘာတွေတိုးတက်ခဲ့လဲ၊ ဒီနေ့ကို မနေ့ကထက်ပိုကောင်းအောင် ဘာတွေလုပ်နိုင်မလဲဆိုတာကို ပြန်လည်သုံးသပ်ပါ။ အမှားကနေသင်ခန်းစာယူပြီး အောင်မြင်မှုအတွက်အားတက်ပါ။ ဒါဆိုရင်တစ်နေ့ထက်တစ်နေ့ ပိုအဆင်ပြေ တိုးတက်မှုရှိလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top