Healthy Life Ad
Child

ကလေးကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ဦးမြနဲ့ဦးဘဆိုတဲ့ ခြံချင်းကပ်ရပ်နေထိုင်တဲ့ အိမ်နီးချင်းနှစ်ဦးရှိပါသတဲ့။ ဦးမြက အငြိမ်းစား ကျောင်းဆရာဖြစ်ပြီး ဦးဘကတော့ နည်းပညာကို အလွန်အမင်းစိတ်ဝင်စားတဲ့ အာမခံအေးဂျင့်တစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ တူညီချက်ကတော့ သူတို့ ခြံဥယျာဉ်ထဲမှာ သစ်ပင်တွေကို စိုက်ကြတာပါပဲ။

ဦးမြက သူ့သစ်ပင်တွေကို ရေနည်းနည်းစီလောင်းပေမယ့် အပြည့်အဝတော့ ဂရုမစိုက်ဖြစ်ပါဘူး။ ဦးဘကတော့ သူ့သစ်ပင်တွေကို ရေများများလောင်းပြီး အထူးဂရုစိုက်ပါတယ်။

ဒီလိုနဲ့ အပင်ပေါက်တော့ ဦးမြသစ်ပင်တွေက ခပ်ရိုးရိုးရှင်သန်ပြီး ကြည့်ကောင်းပါတယ်။ ဦးဘရဲ့ သစ်ပင်တွေက အပြည့်အဝရှင်သန်ပြီး စိမ်းလန်းနေတာပဲ။

တစ်ညမှာတော့ မိုးအကြီးအကျယ်ရွာပြီး လေပြင်းတိုက်ပါတော့တယ်။ နောက်တစ်နေ့ မနက်ခင်းမှာတော့ ဦးဘနဲ့ ဦးမြက သူတို့ဥယျာဉ်တွေထဲ သွားကြည့်တာပေါ့။ ကံမကောင်းစွာနဲ့ ဦးဘရဲ့ သစ်ပင်တွေက အမြစ်ကနေကျွတ်ထွက်ပြီး လဲကျနေတာကိုတွေ့ရတယ်။ ဦးမြရဲ့သစ်ပင်တွေကျတော့ ကိုင်းတွေသာ ကျိုးကျပေမယ့် အပင်ကတော့ ရှိနေတုန်းပဲ။ ဦးဘဟာဝမ်းနည်းပြီး အံ့အားသင့်သွားခဲ့တယ်။

“ကျွန်တော်တို့စိုက်တဲ့ သစ်ပင်ကလည်းအတူတူ။ စိုက်တုန်းကလည်းအတူတူပဲ . . ကျွန်တော့်သစ်ပင်ကတောင် ခင်ဗျားသစ်ပင်တွေထက် ပိုကြည့် ကောင်းနေသေးတယ်။ ကျွန်တော်က ပိုဂရုစိုက်လို့ ဖြစ်မှာပေါ့ . . ဒါပေမဲ့ အခုကျတော့ ကျွန်တော့်သစ် ပင်တွေအမြစ်က ကျွတ်ထွက်ကုန်တယ် . . ခင်ဗျား သစ်ပင်တွေကျတော့မဖြစ်ဘူး . . ထူးဆန်းလိုက်တာဗျာ”

ဦးမြက ပြုံးပြီး ပြောတယ်။

“ခင်ဗျားက သစ်ပင်တွေကို ရေပိုလောင်းပြီး ပိုဂရုစိုက်တာမှန်တယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ ဘယ်လိုရှင်သန်အောင် လုပ်ရမယ်ဆိုတာ သစ်ပင်တွေမသိဘူးလေ၊ ကျွန်တော်ကတော့ ရေကို လိုသ လောက်ပဲလောင်းတယ်။ ဒါမှ သူတို့ဘာသာ အမြစ် ကို ဘယ်လိုခိုင်ခံအောင် တည်ဆောက်ရမယ်ဆိုတာ သူတို့ ရှာဖွေနိုင်တာပေါ့။ အမြစ်က နက်လေလေ၊ အခြေခိုင်လေလေပဲ . . ဒီနေရာမှာ ကွာသွားတာပါ”
_ _ _

ဒီပုံပြင်လေးဟာ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ ဘယ်လို ပြုစုပျိုးထောင်သင့်တယ်ဆိုတာ တင်စားဖော်ပြထားတာပါ။ ကလေးဘဝကတည်းက ချစ်လွန်းလို့လိုတရပုံစံမျိုး ပျိုးထောင်ခဲ့တဲ့အခါ သူတို့တွေဟာ ကိုယ့်ခွန်ကိုယ့်အားနဲ့ ဘယ်လိုကြိုးစားလုပ်ကိုင်သင့်သလဲဆိုတာကို နားမလည်တော့ပါဘူး။

တကယ်တော့ ဦးမြသစ်ပင်စိုက်သလို ကလေးတွေကို လိုအပ်သလောက်ပဲပံ့ပိုးပြီး သူတို့ဘာသာ ကြိုးစားဖို့၊ လုပ်ကိုင်ဖို့ အခွင့်အရေးပေးသင့်ပါတယ်။ ဒီပျိုးထောင်နည်းဟာ ဘယ်လို လောကဓံကိုပဲကြုံကြုံ မယိုင်မလဲတဲ့နည်းနဲ့ ကိုယ့်ဘဝကို ပြန်လည်တည်ဆောက်နိုင်မှာပဲဖြစ်တယ်လို့ ဆိုလိုတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top