Healthy Life Ad
Health Tips

အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်ခြင်းမဖြစ်စေရန်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

– ကိုယ်အလေးချိန်များနေလျှင်ထိန်းပါ

BMI ၃၀ထက်မြင့်သူတွေဟာ ကိုယ်အလေးချိန်များတာကြောင့် အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်တဲ့ Sleep Apnea အဖြစ်များပါတယ်။ အဝလွန်တာက အသက်ရှူတဲ့ဖြစ်စဉ်ကို ပိုမိုဆိုးရွားစေပါတယ်။ ကိုယ်အလေးချိန် ၅-၁၀ပေါင်များတဲ့သူတွေဟာ ကိုယ်အလေးချိန်လျှော့ချပြီးချိန်မှာ အိပ်စက်မှုအလေ့အထ ပိုမိုကောင်းမွန်တာကို တွေ့ရပါတယ်။

– ဆေးလိပ်မသောက်သင့်ပါ

ဆေးလိပ်သောက်တာကြောင့် အသက်ရှူတဲ့ဖြစ်စဉ်ကိုထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တာကြောင့် ညဘက်မှာ အသက်ရှူကျပ်စေပြီး အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာကို မကြာခဏဖြစ်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်ရင် အသက်ရှူလမ်းကြောင်း ကောင်းမွန်စေရုံသာမက အထွေထွေကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

– အသက်ရှူလမ်းကြောင်း ပွင့်နေပါစေ

အိပ်ချိန်မတိုင်ခင် နှာခေါင်းတွင်းဖျန်းဆေး (Nasal Spray) ထည့်ပေးပါ၊ ဒါမှ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုလျော့ကျစေမှာ ဖြစ်ပါတယ်။

– ခန္ဓာကိုယ်ကို ဘေးဘက်စောင်းအိပ်ပါ

ပက်လက်လှန်အိပ်တာနဲ့ မှောက်အိပ်တာတို့ကိုရှောင်ပြီး ခန္ဓာကိုယ်ကို ဘေးဘက်စောင်းအိပ်ပေးပါ။

– ခေါင်းကိုမြှင့်ထားပါ

ဦးခေါင်းကိုမြင့်နေစေဖို့ ခေါင်းအုံးအပို ဒါမှမဟုတ် ခေါင်းအုံးပါးနှစ်လုံးဆင့်ပြီးအိပ်ပါ။ ဒါဆိုရင် အိပ်ရင်းအသက်ရှူခေတ္တရပ်တဲ့ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

– အယ်လ်ကိုဟောကိုရှောင်ပါ

အရက်သောက်တာကြောင့် အိပ်ရင်းအသက်ရှူခေတ္တရပ်ပြီး ဟောက်စေနိုင်ပါတယ်။

– ညနေဘက်တွင် ကဖင်းပါသော အစားအသောက်ရှောင်ပါ

ညနေခင်းအချိန်ကစပြီး ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။

– အိပ်ချိန်မှန်အောင်ကျင့်ပါ

ညတိုင်း အိပ်ချိန်တစ်ချိန်သတ်မှတ်ပြီး အိပ်ရာဝင်ပါ။ ညတိုင်းအနည်းဆုံးအိပ်ချိန် ခြောက်နာရီရှိရပါမယ်။

အထက်ပါနည်းလမ်းတွေဟာ အိပ်ရင်းခေတ္တအသက်ရှူရပ်တဲ့ Sleep Apnea ဖြစ်စဉ်ကို သက်သာစေတဲ့ နည်းတွေဖြစ်ပါတယ်။ ဒီနည်းတွေကြောင့် အိပ်စက်မှုအရည်အသွေးကောင်းမွန်စေပြီး စွမ်းအင်ပိုရှိလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top