Healthy Life Ad
Q & A

ကလီစာတွေစားရင် ကျောက်ကပ်ကျောက်တည်နိုင်သလား . . .

မေး ။ ကလီစာတွေစားရင် ကျောက်ကပ်ကျောက်တည်တယ်ဆိုတာ မှန်ပါသလား။ ကျောက်ကပ်ကျောက် တည်ရတာက ဘာကြောင့်ဖြစ်ရတာပါလဲ။
စန်းစန်းဝင်း(Fb)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ကလီစာတွေစားရင် ကျောက်ကပ်ကျောက်မတည်ပါဘူး။ သွေးတွင်း ယူရစ်အက်ဆစ်တွေ တက်လာပါ လိမ့်မယ်။ အဲဒီအခါ အရိုးတွေ နာလာတတ်ပါတယ်။

ကျောက်ကပ်ကျောက်တည်ရတဲ့ အကြောင်းရင်းကတော့ အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် အဆီ အနှစ်တွေ အများကြီး စားတဲ့သူတွေက သည်းခြေအိတ်မှာလည်း ကျောက်တည်တယ်၊ ကျောက်ကပ်မှာလည်း ကျောက်တည်တတ်ပါတယ်။ ရှမ်းပြည်၊ ချင်းပြည်နယ်တို့မှာ နေတဲ့သူဆိုရင် ရေက ထုံးကျောက် ပါတယ်၊ရေသန့်မသောက်ဖြစ်ဘူးဆိုရင် ထုံးကျောက်ပါတဲ့ ရေကို ကျိုသောက်ကြပါတယ်။ အဲဒီလို ကျို သောက်ရင် ပိုးသေပေမယ့် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီ ယမ်စတဲ့ သတ္တုဓာတ်တချို့ကို မစစ်နိုင်ဘူး။ အဲဒီအတွက် ကျောက်ကပ်မှာ ကျောက်တည်တာ ပိုများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top