Healthy Life Ad
Health Tips

အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို ကင်စားမယ်ဆိုရင်

———၊ ဇွန် ၊———

အကင်စာတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အရသာရှိပြီး ကျန်းမာရေးနဲ့အညီ ပြင်ဆင်ချက်ပြုတ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ကင်ပါ

အကင်စာဆိုတာနဲ့ အသားတွေကို ပြေးမြင်ကြမှာ မလွဲပါဘူး။ ဒါပေမဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို မေ့မထားပါနဲ့။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ကင်စားတာကြောင့် အရသာတစ်မျိုးကို ပေးစွမ်းနိုင်သလို ကျန်းမာရေးကိုလည်း မထိခိုက်စေပါဘူး။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို လှီးပြီး သံလွင်ဆီဖြန်းကာ အရသာအရည်ဆွတ်ပြီး ကင်ပါ။ ပြီးရင် လတ်ဆတ်တဲ့ ငရုတ်သီး အချဉ်ရည်နဲ့ တွဲစားသင့်ပါတယ်။

ပိုးဝင်ခြင်း မရှိစေရန် ကာကွယ်ပါ

အဆင်သင့်စားနိုင်တဲ့ အစာတွေကို အသားစိမ်းတွေနဲ့ ခွဲထားပါ။ ဒါ့အပြင် လက်ကို သေချာဆေးကြောပြီး အကင်စာတွေထည့်တဲ့ အိုးခွက်ပန်းကန်တွေကိုပါ သန့်ရှင်းအောင် ဆေးကြောပေးပါ။ အသားစိမ်းတွေကို မကိုင်ခင်နဲ့ ကိုင်ပြီး လက်ကို သေချာဆေးကြောပါ။

မီးတောက်ကို သတိထားကြည့်ပါ

မီးတောက်နဲ့ အပူပြင်းပြင်းကြောင့် အသားတွေ တူးနိုင်ပါတယ်။ တူးနေတဲ့ အသားတွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ပါဝင်တဲ့အတွက် အကင်စာတွေ မစားခင် တူးနေတဲ့ အပိုင်းတွေကို ဖယ်ထုတ်လိုက်ပါ။ စားမြိန်ရည်ထဲ စိမ်ထားတဲ့ အသားတွေက ကင်ဆာဖြစ်စေတဲ့ဓာတ် လျော့ပါးသွားတတ်ပါတယ်။ ဒါကြောင့် ဆားနဲ့ အဆီနည်းတဲ့ စားမြိန်ရည်ကို သုံးပေးပါ။

အန္တရာယ်ကင်းသော အပူချိန်ပေးပြီး အသားများကို ချက်ပြုတ်ပါ

မကျက်တဲ့ အသားတွေက နာမကျန်းမှု အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ အသားတွေအတွက် အန္တရာယ်ကင်းတဲ့ အပူချိန်တွေက ကြက်သား၊ ဆိတ်သား ( ၁၆၅ ဒီဂရီ ဖာရင်ဟိုက်)၊ အမဲသားနဲ့ ဝက်သား (၁၆၀ ဒီဂရီဖာရင်ဟိုက်)၊ ငါးနဲ့ ပင်လယ်စာ ( ၁၄၅ ဒီဂရီ ဖာရင်ဟိုက်) တို့ပဲ ဖြစ်ကြပါတယ်။

(Ref;mayoclinic)

Most Popular

Healthy Life Ad
To Top