Healthy Life Ad
Life Style

ချစ်ခြင်းနှင့် ယုံကြည်မှု

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ သားသမီးမရှိဘဲ အိမ်ထောင်သက်တမ်း ၁၀နှစ်ကျော်ရှိခဲ့ပြီး ၁၁နှစ်ထဲရောက်လာခဲ့ပါတယ်။ သူတို့အိမ်ထောင် သက်တမ်း ၁၁ နှစ်မပြည့်ခင်မှာ သားသမီးတစ်ဦး ရလာဖို့ အကြီးအကျယ်မျှော်လင့်နေခဲ့ပါတယ်။

တစ်နေ့မှာတော့ ခင်ပွန်းသည် အလုပ်က ပြန်လာချိန်မှာ သူ့ဇနီးက အမျိုးသားတစ်ယောက်နဲ့အတူလမ်းလျှောက်နေတာကိုတွေ့လိုက်ရပါတယ်။ အမျိုးသားက သူ့ဇနီးပခုံးပေါ် လက်တင်ထားပြီး သူတို့ ကြည့်ရတာသိပ်ပျော်ရွှင်နေသလိုပါပဲ။ တစ်ပတ်ကြာပြီးချိန်မှာ တခြားနေရာတွေမှာလည်း သူ့ဇနီးကို အဲဒီအမျိုးသားနဲ့ တွေ့ရပြန်ပါတယ်။

တစ်နေ့ကျတော့ ခင်ပွန်းသည် အလုပ်က ပြန်လာချိန်မှာ သူ့ဇနီးရဲ့ပါးပြင်ကို အကြင်နာပေးပြီး နှုတ်ဆက်သွားတဲ့အမျိုးသားကို တွေ့လိုက်ရပါတော့တယ်။ ခင်ပွန်းသည် စိတ်တိုပြီး ဝမ်းနည်းခဲ့ပေမယ့် ဇနီးဖြစ်သူကို ဘာမှမပြောခဲ့ပါဘူး။

အလုပ်မှာပင်ပန်းတာ နှစ်ရက်လောက်ကြာပြီးချိန်မှာ အိမ်ဖုန်းခေါ်သံကြားတာနဲ့ ခင်ပွန်းသည် ကိုင်လိုက်ပါတယ်။

“ဟဲလို . . ဒီညနေ ညီမအိမ်ကို အစ်ကိုယ်လာခဲ့မယ်”
ဖုန်းသံက အမျိုးသားအသံ။ ဒါသေချာတယ်။ မိန်းမနဲ့တွေ့တွေ့နေတဲ့သကောင့်သားပဲ ဖြစ်ရမယ်။ အဲဒီအတွေးနဲ့အတူ ဇနီးသည် ဆုံးရှုံးမှာ ထိတ်လန့်ကြောက်ရွံ့တဲ့ စိတ်နဲ့ ခင်ပွန်းသည် တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။ လက်ထဲက ရေကရားကိုပစ်ချလိုက်တော့ ဖန်တွေက တစ်စစီကွဲကြေကုန်တယ်။

ဇနီးသည်က အခန်းထဲဝင်လာပြီး “အဆင်ပြေရဲ့လား”လို့ မေးလိုက်ချိန်မှာ သူစိတ်တိုဒေါသထွက်စွာနဲ့ ဇနီးသည်ကိုတွန်းထုတ်လိုက်တော့ သူမလဲကျသွားခဲ့တယ်။ ပြန်တောင် မထနိုင်တော့ဘူး။ သူမကအဲဒီဖန်ကွဲစတွေပေါ်ကျသွားပြီး သူမကိုယ်လုံးထဲ စိုက်ဝင်ကုန်တော့တယ်။ သူ ရုတ်တရက် အသက်ရှူ မြန်ပြီး နှလုံးတုန်၊ ရင်တုန်လာခဲ့တယ်။ သူသတိလက်လွတ်ဖြစ်ပြီးချိန်မှာ သူမလက်ထဲက စာတစ်စောင်ကို မြင်ခဲ့တယ်။ သူယူပြီး ဖွင့်ကြည့် လိုက်တော့ ရုတ်တရက် သတိလစ်မတတ်ဖြစ်သွားခဲ့တယ်။

“ချစ်လှစွာသော ယောကျာ်း . .
ဒီစာကို ရေးချိန်မှာ ဘယ်လိုခံစားရတယ်ဆိုတာ မပြောပြတတ်အောင်ပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်က ဆရာဝန်ဆီသွားခဲ့တယ်။ ဒီသတင်းကို သေချာမှ ရှင့်ကိုပြောပြချင်လို့ပါ။

ကျွန်မမှာ အမြွှာကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်က အတည်ပြုလိုက်တယ်။ ကလေးတွေက နှစ်လတောင်ရှိပြီတဲ့။ ဆရာဝန်ကလည်း ကျွန်မရဲ့နှစ်အတန်ကြာ ကွဲကွာနေတာကြာဖြစ်တဲ့အစ်ကိုဖြစ်နေခဲ့တယ်။ သူက ကျွန်မနဲ့ကလေးတွေကိုစောင့်ရှောက်ပေးခဲ့တယ်။ ရှင်မသိအောင် လျှို့ဝှက်ထားရင်း သူက ကျွန်မဆီကိုလာကြည့်ပေးခဲ့တယ်။ ဒီညနေတော့ ရှင်နဲ့အတူညစာစားဖို့ ဖိတ်ထားတယ်။ ကျွန်မ ဘေးမှာနေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ရှင်ရဲ့ ချစ်လှစွာသော မိန်းမ”
စာလေးက သူ့လက်ထဲက ပြုတ်ကျသွားခဲ့တယ်။ တံခါးဘဲလ်မြည်သံကြားတာနဲ့ ဖွင့်လိုက်တော့ သူ့ဇနီးနဲ့ တွေ့တွေ့နေတဲ့ အမျိုးသားက ဝင်လာတယ်။

“ကျွန်တော်က ခင်ဗျားဇနီးရဲ့ အစ်ကိုပါ”
သွေးအိုင်ထဲလဲနေတဲ့ သူ့ညီမကိုတွေ့တော့ ပြေးသွားပြီး ဆေးရုံပို့ခဲ့ပေမယ့် အမြွှာကလေးတွေကို ဆုံးရှုံးခဲ့ရပါတယ်။
မှတ်ချက်။ ။ အိမ်ထောင်ရေး ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံရေးမှာ စူးစမ်းမေးမြန်းခြင်း မပြုဘဲ အပြုအမူကို အလျင်စလို မလုပ်သင့်ပါဘူး။ အခြေအနေမှန်ကို စူးစမ်းလေ့လာမှုမလုပ်ဘဲ ကမူးရှုးထိုးလုပ်လိုက်ရင် ပြင်ဆင်လို့ မရတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့ရတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top