Healthy Life Ad
Life Style

ပါရမီ့ရှင်ရဲ့ မိခင် …

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သောမတ်စ်အက်ဒီဆင် ငယ်ငယ်တုန်းက ကျောင်းကနေ အိမ်ပြန်လာပြီး သူ့မိခင်ကို စာရွက်တစ်ရွက်ပေးတယ်။

“ဆရာမက သားကို ဒီစာပေးလိုက်တယ်၊ အမေ့ကိုပေးပေးပါတဲ့”

စာကိုအော်ဖတ်ရင်း သူ့မိခင်ရဲ့ မျက်လုံးတွေက မျက်ရည်ဖြိုင်ဖြိုင်ကျနေခဲ့တယ်။

“ခင်ဗျားသားက ပါရမီ့ရှင်တစ်ဦးဖြစ်တယ်။ ဒီကျောင်းက သူ့အတွက် သေးငယ်လွန်းပြီး သူ့ကိုထိန်းကျောင်းနိုင်တဲ့ ဆရာကောင်းတွေ အလုံအလောက်မရှိပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ခင်ဗျားကိုယ်တိုင်သင်ပေးပါ”တဲ့။

နှစ်ပေါင်းများစွာ ကြာသွားပြီးနောက် အက်ဒီဆင်ရဲ့မိခင်က ကွယ်လွန်သွားခဲ့တယ်။ အက်ဒီဆင်ကလည်း ဆယ်စုနှစ်ရဲ့ အကြီးကျယ်ဆုံး တီထွင်သူတစ်ဦးဖြစ်လာခဲ့တယ်။

တစ်နေ့တော့ သူ့မိသားစုဟောင်းပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ရှာဖွေရင်း စားပွဲတစ်လုံးရဲ့ အံဆွဲထောင့်တစ်နေရာမှာ စာရွက်ခေါက်တစ်ခုကို တွေ့မြင်ခဲ့တယ်။

စာရွက်ကို ဖွင့်ဖတ်လိုက်တဲ့အခါ စာရွက်ထဲမှာ ရေးထားတာကတော့-

“ခင်ဗျားသားက စိတ်ကျန်းမာရေးမကောင်းတဲ့ အထုံအအလေးပါ။ ဒါကြောင့် ကျောင်းကို ထပ်ပြီးမပို့ပါနဲ့တော့”ဟူသတဲ့။

Most Popular

Healthy Life Ad
To Top