Healthy Life Ad
Life Style

ပျိုမေတို့မဖြစ်မနေသိသင့်သည့် ထိပ်တန်းမော်ဒယ်တို့၏ အလှအပရေးရာ နည်းလမ်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသားအရေလှပပြီး စတိုင်ကျ ကြည့်ကောင်းတဲ့ ထိပ်တန်းမော်ဒယ် တွေဆီက အသုံးဝင်တဲ့ အလှအပရေးရာ နည်းလမ်းကောင်းတွေကို ဝေမျှလိုက်ပါတယ်။

ဂျီဂျီဟေဒစ်
“ကျွန်မအမေက ညဆိုရင် ဝက်ခြံတွေပေါ်မှာ သွားတိုက်ဆေးတို့ထားဖို့ အမြဲ သင်ပေးခဲ့ပါတယ်။ ကျွန်မလည်း တခြားနည်းတွေ ဘာမှ မလုပ်တော့ပါဘူး။ ညဘက် အိပ်ရာဝင်ခါနီးဆိုရင် ဝက်ခြံပေါ်သွားတိုက်ဆေး တို့ထားလိုက်တာပါပဲ။ မနက်ဆို ဝက်ခြံဖုတွေက ခြောက်သွေ့သွားပါတယ်”
“အမျိုးသမီးတွေကို ပေးချင်တဲ့ အကြံဉာဏ်ကတော့ သန့်ရှင်းတဲ့ အစားအသောက်စားပြီး အလုပ်ကို စမတ်ကျကျ လုပ်ဖို့ပါပဲ”

ဂျိုစမောလ်
ဂျိုစမောလ်က ဆံပင်ပြဿနာတွေကို ပေါင်းတင်နည်းနဲ့ ဖြေရှင်းတယ်လို့ ဆိုပါတယ်။
ကြက်ဥအနှစ် နှစ်လုံး၊ သံလွင်ဆီ ထမင်းစားဇွန်း သုံးဇွန်း၊ ထောပတ်သီးမှည့်တစ်လုံးတို့ကို ရောမွှေပြီး ဆံပင်အရင်းမှာသုတ်လိမ်းပါ။ နာရီဝက်လောက်ကြာ မှခေါင်းလျှော်ပေးပါ။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်ပြု လုပ်ပေးရုံနဲ့ ဆံပင်သန်စွမ်းတောက်ပစေပါတယ်။

အက်ဒရီနာလီမာ
တချို့မိန်းကလေးတွေလိုပဲ အက်ဒရီနာလီမာကလည်း အသားအရေမကောင်းတာနဲ့ ဝက်ခြံဖုတွေ ထွက်တာကြောင့် မကြာခဏ စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမဲ့ လက်ဖက်ဆီ (Tea Tree Oil)လိမ်းပေးတာကြောင့် ချက်ချင်းသက်သာသွားတယ်လို့ ဆိုပါတယ်။ ဝက်ခြံဖုတွေပေါ် လက်ဖက်ဆီ အစက်အနည်းငယ် တို့ပြီး ဂွမ်းစလေးနဲ့ပွတ်သပ်ပေးတယ်လို့ ဆိုပါတယ်။

မာရန်ဒါကား
ခန္ဓာကိုယ်ကို ဆေးကြောပွတ်တိုက်ပေးတာက နိစ္စဓူဝလုပ်ငန်းစဉ်ထဲမှာ မပါမဖြစ် အစိတ်အပိုင်း ဖြစ်တယ်လို့ မာရန်ဒါက ဆိုပါတယ်။
ဘရပ်ရှ်အခြောက်နဲ့ ခြေထောက်ကနေအပေါ်ကိုပင့်တင်ပွတ်တိုက်ပြီး လက်မောင်းတွေကို ပွတ်တိုက်ပါတယ်။ လက်ဖဝါးကနေစပြီး ပခုံးအထိ ပွတ်တိုက် သန့်စင်ပေးပါတယ်။ ဒီနှိပ်နယ်ပွတ်တိုက်နည်းက အသားအရေကို ချောမွေ့စေပြီး ဆဲလ်ဟောင်းတွေကို ကင်းစင်စေပါတယ်၊ သွေးလှည့်ပတ်မှုကောင်းစေပြီး ဆဲလူးလိုက်အဆီပိုတွေ မဖြစ်အောင် ကာကွယ်ပေး ပါတယ်။
မာရန်ဒါက ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ သဘာဝအဆီကို အိပ်ရာဝင်ခါနီးမှာ တစ်ကိုယ်လုံးအနှံ့သုတ်လိမ်းပါတယ်။ အဆီလိမ်းတာကြောင့် တစ်ညလုံး အသားအရေ စိုပြည်နူးညံ့ တောက်ပနေစေတယ်လို့ သူက ဆိုပါတယ်။

ကာရိုလီနာကာကိုဗား
ကာရိုလီနာက မိတ်ကပ်တွေကို အုန်းဆီနဲ့ ဖျက်လေ့ရှိသူပါ။ အုန်းဆီက ဖျက်ရခက်တဲ့ ရေစိုခံ မိတ် ကပ်တွေကိုတောင် အလွယ်တကူ ဖျက်နိုင်ပါတယ်။ ဒါပေမဲ့ အသားအရေကို မခြောက်သွေ့စေပါဘူး။ အုန်းဆီမှာ အမိုင်နိုအက်ဆစ်နဲ့ ရောင်ရမ်းမှုကို ဟန့်တားတဲ့ ပစ္စည်းတွေ ပါဝင်တဲ့အတွက် အသားအရေ ကို ကြည်လင်လှပစေပါတယ်။
အဆီပြန်တဲ့ အသားအရေရှိတဲ့ ကာရိုလီနာဟာ သံပရာရည်ကို ရေသန့်ရောပြီး မျက်နှာကို လိမ်းလေ့ရှိပြီး ဒီနည်းက အသားအရေကို ချောမွေ့စေတယ်လို့ ဆိုပါတယ်။

ဟေဒီကလမ်
ဟေဒီကမ်ကလည်း တခြားမိန်းကလေးတွေလိုပဲလှပတဲ့ ခြေတံတွေရှိနေပါတယ်။ ဒါပေမဲ့ ခြေတံတွေလှပဖို့ သူ့မှာ လျှို့ဝှက်ချက် ရှိပါတယ်တဲ့။ အဝတ်စတစ်စ ဒါမှမဟုတ် ကြေးတွန်းကျောက်နဲ့ ခြေသလုံးက အရေပြားဆဲလ်သေတွေကို ပွတ်တိုက်ပါတယ်။ ပြီးမှ အစိုဓာတ်ထိန်းခရင်မ်လိမ်းပါတယ်တဲ့။

အိုင်ရီနာရှိတ်ခ်
ရုရှားစူပါမော်ဒယ် အိုင်ရီနာရိတ်ခ်က ခေါင်းလျှော်ပြီး ခြောက်သွေ့စဆံပင်သားပေါ်မှာ အစိုဓာတ်ထိန်းနိုင်တဲ့ ကွန်ဒီရှင်နာလိမ်းလေ့ရှိပါတယ်။ ပြီးရင် ခေါင်းစွပ်စွပ်ထားပြီးမှ ကမ်းခြေလို နေရာမှာ နေပူဆာလှုံပါသတဲ့။ ဒီနည်းက ကြမ်းတမ်းခြောက်သွေ့တဲ့ ဆံပင်သားကို သန်စွမ်းကျန်းမာစေတယ်လို့ ဆိုပါတယ်။ နောက်တစ်နည်းက မျက်နှာကိုသဘာဝ အုန်းဆီလိမ်းတာပဲဖြစ်ပါတယ်။ ကူးစက်ပိုးတွေမဝင်အောင် ကာကွယ်ပေးပြီး အသားအရေကို စိုပြည် တောက်ပစေပါတယ်။ မနက်တိုင်း အိုင်ရီနာဟာ မျက်နှာသစ်ပြီး သခွားသီးနဲ့ ပေါင်းတင်လေ့ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top