Healthy Life Ad
Health Tips

ပဋိဇီဝပိုးသတ်ဆေးမှီဝဲပြီးနောက် စားသင့်သည့် အကောင်းဆုံး အာဟာရများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ပဋီဇီဝပိုးသတ်ဆေးမှီဝဲပြီးချိန်မှာ သင့်အူလမ်းကြောင်းထဲကို ကောင်းတဲ့ ဘက်တီးရီးယားတွေ ပြန်လည် ထိန်းသိမ်းနိုင်ဖို့ အရေးကြီးပါတယ်။ အားဆေး မှီဝဲတာထက် အကျိုးပြုဘက်တီးရီးယားပါတဲ့ အစား အသောက်တွေကို မှီဝဲတာက ပိုပြီးအကျိုးရှိပါတယ်။ ဒီနည်းဟာ အူလမ်းကြောင်းမျှခြေကို ထိန်းသိမ်းပေး နိုင်တာကြောင့် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) မှီဝဲပြီးချိန်မှာ စားသင့်တဲ့ အစားအသောက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) ဒိန်ချဉ်
ဒိန်ချဉ်က လူသိအများဆုံး အကျိုးပြုဘက်တီးရီးယားပါတဲ့ အစားအသောက်ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးမှီဝဲပြီးချိန်မှာ စားသင့်တဲ့ အကောင်းဆုံးအစာ ဖြစ်ပါတယ်။

(၂) ဂေါ်ဖီချဉ်
ဂေါ်ဖီထုပ်ကို လှီးပြီး အချဉ်တည်ထားတဲ့ ဂေါ်ဖီချဉ်၊ ကင်မ်ချီ စတာတွေမှာလည်း အကျိုးပြုဘက်တီးရီးယား ပါဝင်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ အူလမ်းကြောင်းအကျိုးပြုတဲ့ ဂေါ်ဖီချဉ်ပြုလုပ်ပြီး ပဋိ ဇီဝပိုးသတ်ဆေးမှီဝဲပြီးချိန်တိုင်း စားပေးသင့်ပါတယ်။

(၃) ကြက်သွန်ဖြူ
ပဋိဇီဝပိုးသတ်ဆေးမှီဝဲပြီးချိန် စားသင့်တဲ့ အကောင်းဆုံး အစာက ကြက်သွန်ဖြူပါ။ ကြက်သွန်ဖြူ မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားက အစာခြေလမ်းကြောင်းစနစ်ကို အားအင်ပြည့်ဝစေပါတယ်။ တကယ်လို့ သင် သဘောကျရင် ကြက်သွန်ဖြူထဲကို သခွားသီးစိတ် ခပ်ပါးပါးထည့်ပြီး စားသင့်ပါတယ်။

(၄) ဗာဒံစေ့
ကယ်လီဖိုးနီးယား လေ့လာမှုတစ်ခုအရ ဗာဒံစေ့ကို စားပေးတာကြောင့် အူလမ်းကြောင်းမှာ အကျိုး ပြုဘက်တီးရီးယားပမာဏကို သိသိသာသာ မြင့်တက်စေတယ်လို့ သိရပါတယ်။ ၂၀၁၀ လေ့လာမှု အရ ဗာဒံစေ့ဟာ အအေးမိဝေဒနာနဲ့ တုပ်ကွေးတွေလို ဗိုင်းရပ်စ်ကူးစက်မှု ဝေဒနာတွေကို တွန်းလှန်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ ပဋိဇီဝပိုးသတ်ဆေးမှီဝဲပြီးချိန်မှာ ကိုယ်ခံစွမ်းအားစနစ် အားနည်းလာတာကြောင့် ပိုးဝင်ကူးစက်မှု ထပ်မံဖြစ်ပေါ်တတ်ပါတယ်။ ဒီအချိန်မှာ အကျိုးပြုဘက်တီးရီးယားပါတဲ့ အစာတွေကို စားပေးဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top