Healthy Life Ad
Health Tips

အိပ်စက်မှုဆိုင်ရာ ပြဿနာများအတွက် သိပ္ပံနည်းကျ ဖြေရှင်းနည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကောင်းကောင်း အိပ်မောကျဖို့နဲ့ အိပ်စက်မှုဝေဒနာတွေ ကင်းဝေးဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

– အိပ်ရင်း ဟောက်တတ်လျှင်

ဘေးတစ်စောင်းအိပ်ပါ၊ လက်တွေကို ခေါင်းအောက်ထားပြီး ဘေးစောင်းအိပ်ပါ။ မအိပ်ခင် နှာခေါင်းထဲကို ဆားရည်ပက်ဖျန်းပေးပါ။ အရက်မသောက်ပါနဲ့။

– အိပ်ရင်း လည်ပင်းနာလျှင်

အနည်းဆုံး နှစ်နှစ်တစ်ကြိမ် ခေါင်းအုံးလဲပေးပါ။ Latex အမျိုး အစားခေါင်းအုံးကို ရွေးချယ်ပါ။

– ညဘက်တွင် မကြာခဏ အိပ်ရာနိုးနေလျှင်

မအိပ်ခင် အရက်မသောက်ပါနဲ့။ အခန်းအပူချိန်ကို ၂၀-၂၂ ဒီဂရီစင်တီဂရိတ်မှာ ထားပေးပါ။

– ရင်ပူဝေဒနာ ခံစားနေရလျှင်

ဘယ်ဘက်လှည့်ပြီး အိပ်ပါ။ ခေါင်းအုံးကြီးကြီးပေါ်မှာ အိပ်စက်ပါ။

– ပခုံးနာလျှင်

ပက်လက်လှန်ပြီး အိပ်စက်ပါ။ ခေါင်းအုံးကိုပွေ့ဖက်ပြီး အိပ်ပါ။

– အိပ်ရာထရန် ခက်ခဲလျှင်

နေ့တိုင်းတူညီတဲ့ အချိန်မှာ အိပ်ရာထပါ၊ အထူးသဖြင့် ပိတ်ရက်တွေမှာတောင် တူညီတဲ့အချိန်မှာအိပ်ပါ။

– ကြွက်တက်လျှင်၊ ကြွက်သားနာကျင်တောင့်တင်းလျှင်

နာကျင်တဲ့နေရာမှာနှိပ်နယ်ပါ၊ ကြွက်သားတွေကို အပူပေးပြီး ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပါ။

– ခါးနာလျှင်

ပေါင်အောက်မှာ တခြားခေါင်းအုံးတစ်လုံးထားပြီး မှောက်အိပ်ပါ။ ဒါမှမဟုတ် ပက်လက်လှန်အိပ်ရင် ခြေသလုံးအောက်မှာ ခေါင်းအုံးထားပါ။

– အိပ်မပျော်လျှင်

အိပ်ရာမဝင်ခင်ခုနစ်နာရီအလိုမှာ လက်ဖက်ရည်နဲ့ ကော်ဖီမသောက်ပါနဲ့။ မနက်တိုင်း လေ့ကျင့်ခန်းလုပ်ဆောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top